ဝူရိလေးသည် ဖုတ်ကောင်၏ပါးစပ်နားမှ နဲရှောင်ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီး ကျားကြီး၏ တိမ်လွှာပုံစံကို စီးကာ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
လက်ရှိအခြေအနေ၏ထူးဆန်းသောဖြစ်ရပ်တစ်ခုမှာ ဝူရိလေးသည် သူ၏ကျားတိမ်လေးစီးပြီး ဖြတ်သွားရုံဖြင့် လူတိုင်းဆီကအနက်ရောင်အလင်းကွင်းကို ရိုးရှင်းစွာဖယ်ရှားပစ်နိုင်ခဲ့သည်။ဝူရိလေး ကိုယ်တိုင်ကိုယ်က သူဒီလိုလုပ်နိုင်တာကို မသိပေမယ့် လူတိုင်းက စိတ်သက်သာရာရသွားတဲ့အတွက် အရေးတကြီးမရှိခဲ့ပါ။
တတိယအဆင့်ဖုတ်ကောင်သည် ၄၏သားကောင်ကို ပါးစပ်မှ လုယူသွားသခံရသည်ကြောင့် စားကျက်လုခံရသည်နှယ် ဒေါသထွက်လာကာ ၄၏ပုပ်ပွနေသော ဉီးခေါင်းမှာပေါက်ကွဲထွက်မလုပင်။
သားကောင်အတွက် ပြိုင်ဆိုင်မှုရှိလာသောဗီဇဟာ ပေါက်ကွဲထွက်လာခဲ့သည်။သူ့ခြေတစ်ချက်ကန်လိုက်တော့ မြေကြီးအက်ကွဲကြောင်းတွေဟာ လေးကြိုးမြှမားပစ်လိုက်သလို အက်ထလာကြ၏။ မျက်လုံးများ နီရဲကာ ဒေါသတကြီးဖြင့် ထွက်ခွာသွားသော နှစ်ယောက်နောက်သို့ လိုက်လာသည်။
ထိုအချိန်တွင် နောက်တွင် ကျန်နေသေးသော လူသုံးဦးကိုပင် လျစ်လျူရှုခဲ့၏။
ဝူဝမ်ချီသည် ကန့်သတ်ချုပ်ချယ်မှုများမှ လွတ်မြောက်လာချိန်တွင် သူ၏အိတ်ကပ်ထဲမှ သလင်းကျောက်ကို ချက်ချင်းဆွဲယူလိုက်ပြီး သူ၏စွမ်းရည်ကိုပြန်လည်ဖြည့်တင်းကာ သူ့ပတ်ဝန်းကျင်မှ အဆင့်နိမ့်ဖုတ်ကောင်များကို ကန်ထုတ်လိုက်သည်။
ဝေးကွာသွားသည်နှင့်အမျှ သေးငယ်သွားသော ခန္ဓာကိုယ်များကိုကြည့်ရင်း ဝူဝမ်ချီသည် ကျန်းချိုးရဲ့ညစ်ပတ်မုန်းစရာကောင်းတဲ့ပါးစပ်က ကံကောင်းခြင်းသယ်ဆောင်လာမယ်လို့ မတွေးမိခဲ့။
လွတ်လပ်သွားသော ကျန်းချိုးသည် ကယ်တင်ခံရသောနဲရှောင်ကို ကြည့်ပြီး အံ့သြစွာဖြင့် သူ့လျှာကိုဖိထားသောအသံနှင့်
“လူတွေကို ကယ်တင်ဖို့ သူရဲကောင်းလေးတစ်ယောက် ရှိလာလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။ ကျစ် ဒီလူယုတ်မာ နဲရှောင်က နောက်ပိုင်း သူ့ဘဝကိုတောင် အဲ့တစ်ယောက်အတွက်ပေးဆပ်ဖို့အဆင်သင့်ဖြစ်နေသင့်တယ်။”
(T/N : နှလုံးသားကိုပါပေးဆပ်သင့်တယ်လို့ ဆိုလိုချင်တာပါ( ͡° ͜ʖ ͡°) )

STAI LEGGENDO
ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေး
FantasyType Web Novel (CN) Language Chinese Author Huà Xī 画兮 Status in COO 92 chapters + 2 extra chapters Completed First of all , I'm not the owner of this novel.I'm just a translator.Just fan translation.All credits to original author and english transla...