Three{ဝူရိက အထီးကျန်နေတဲ့ဟမ်းစတားလေးပါ}{Zawgyi+Uni}

3.7K 688 23
                                        

Ch 3{ဝူရိလေးက အထီးကျန်နေတဲ့ ဟမ်းစတားလေးပါ}

နင်းဖုန်းနှင့် သွမ့်ဝမ်ယွီတို့သည် ရဲများကတားဂတ်ကိုရှာမတွေ့မှီမစ်ရှင်ကိုပြီးမြောက်စေရန် အဖွဲ့သားများနှင့်မော့ခယ်တွင်တွေ့ရန် ကြံရွယ်ထားကြသည်။နင်းဖုန်းနှင့် သွမ့်ဝမ်ယွီတို့ ဟာဝိုင်အီ မှထွက်ခွာစဉ်တွင်ဝူဝမ်ချီ နှင့် ရှောင်ယန်း တို့သည်လည်း သက်ဆိုင်ရာနေအိမ်မှ ထွက်ခွာသွားခဲ့ကြသည်။ အားလုံး သီးခြားစီလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အားလုံးက တိကျမြန်ဆန်စွာလှုပ်ရှားနေသည့်အတွက်ကြောင့် နဲရှောင်လည်း မြန်မြန်ထုပ်ပိုးပြီး
ဟမ်းစတားလေးကိုနှုတ်ဆက်လိုက်သည်။

အကောင်ပေါက်လေးက ခရီးဆောင်အိတ်ဘေးမှာ ငုတ်တုတ်ထိုင်နေပြီး နင်းရှောင်က သူ့ခရီးဆောင်အိတ်ကို ထုပ်ပိုးနေတာကို ကြည့်ရင်း သူ့မျက်လုံးလေးတွေက မှုန်ကုပ်ကုပ်နဲ့ မျက်နှာလေးမှာ စိတ်မကောင်းဟန် မကျေမနပ်ဖြစ်နေသည်။

ရေအေးဖြင့်ဆေးချလိုက်သောဂေါ်ဖီထုပ်သေးသေးလေးကဲ့သို့ ဝူရိလေးသည် မှိုင်တွေကာနွမ်းလျလာသည်။  တစ်စက္ကန့်အတွင်းမှာ သူတွေးမိလိုက်တာက ဒယ်ဒီနဲ့တူတူသွားပြီး ဒယ်ဒီ့ရဲ့လျင်မြန်သွက်လက်ပြီးသူရဲကောင်းဆန်ဆန်အပြုအမူတွေကိုမြင်ရတော့မယ်ပေါ့နော်းး။မကြာပါဘူး ရာသီဥတုကြောင့် ဝူရိလေးနေခဲ့ရမယ်ဆိုပြီးပြောလာတာကြီး။ဝူရိလေး ဒယ်ဒီနဲ့ခွဲရတော့မယ်။ဝမ်းနည်းတယ်။

အဲဒါကို တွေးလိုက်ရုံနဲ့ ဝူရိရဲ့နှလုံးသားလေးကို နာကျင်စေသည်။

ဟမ်းစတားလေးသည် နဲရှောင်၏ရှည်လျားမြင့်မားလှတဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးနောက် သူ့ရဲ့လက်ဖဝါးအရွယ်သာရှိသောခန္ဓာကိုယ်လေးကိုပြန်ကြည့်လိုက်သည်။ရုတ်တရက်သက်ပြင်းချလိုက်မိပြီးဝမ်းနည်းလာပြန်သည်။

သူသည် ဒယ်ဒီ့လို ခြေနှစ်ချောင်းပါရင် ကောင်းမှာပဲ~~~ချိးးးးဝူးးးးးး~~~

နဲရှောင် အဝေးကနေ အကောင်ပေါက်လေးကိုလှမ်းကြည့်လိုက်သည်နှင့် ကလေးလေး၏အလွန်အမင်းဝမ်းနည်းကြေကွဲပြီးပူဆွေးနေမှုကို ခံစားနိုင်သည်။ထိုပုံစံက မိုးရွာနေပုံနှင့်တူနေပြီး နဲရှောင် အပြစ်မကင်းသလိုခံစားရပေမယ့် မတတ်နိုင်ပါလေ။

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးDonde viven las historias. Descúbrelo ahora