မိုးစင်စင်လင်းလာခဲ့ပြီဖြစ်သည်။
နေထွက်လာပြီးနောက် နဲရှောင်နှင့် သူ့လူများသည် အိတ်များကို ထုပ်ပိုးကာ ရှေ့ဆက်သွားရန် ပြင်ဆင်နေကြသည်။ သူတို့ မနေ့ကတစ်နေ့လုံး အစာနှင့်ရေကို ရက်အနည်းငယ်ခံနိုင်လောက်အောင် ရှာဖွေစုဆောင်းခဲ့တာကြောင့် ခရီးအမြန်တွင်စေဖို့ ကားရှာဖို့သာ လုပ်စရာရှိတော့သည်။
ရှောင်ယန်းက မနေ့က သူတို့ပစ္စည်းတွေလိုက်စုနေတုန်းတွေ့ခဲ့တဲ့ မြင့်မားတဲ့ကိုယ်ထည်ရှိသောအကြမ်းခံယာဉ်တစ်မျိုးဖြစ်တဲ့ ကားပေါ်သို့ချက်ချင်းတင်သွားခဲ့သည်။သူမ၏ဆံပင်ထဲမှ အစွန်းနှစ်ဖက်ဖြောင့်တန်းနေသော အနက်ရောင်အပ်လေးကိုဆွဲယူကာ ကားသော့အစားထိုအရာကိုသုံးလိုက်တော့ သုံးစက္ကန့်မပြည့်ခင်မှာပဲ တံခါးပွင့်သွားခဲ့သည်။
နဲရှောင်တို့ ကားမောင်းသွားတော့မည်ကိုမြင်ကြသောအခါ ကျန်ခဲ့သောလူအုပ်များမှာ ထိတ်လန့်သွားပြီး ကျောက်ခဲတွေကို အမြန်ကောက်ကာ လမ်းဘေးနှင့်ကပ်လျက် ကားပြတင်းပေါက်တွေကို ရိုက်ခွဲတော့သည်။လွန်သွားပြီဖြစ်သော အရှက်မရှိတဲ့အပြုအမူများကြောင့် နဲရှောင်တို့သုံးယောက်လုံး မျက်မှောင်ကြုတ်သွား၏။
မျှော်လင့်သည့်အတိုင်း မကြာခင်မှာပင် ဖုတ်ကောင်များဟာအနံ့ရသွားတော့သည်။
မနေ့ညက ဒဏ်ရာရခဲ့တဲ့အမျိုးသားကြီးက သူရဲ့သွေးနံ့ကြောင့် ဖုတ်ကောင်တွေရဲ့ပထမဉီးဆုံးတိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ ထိုလူမှာ တုတ်တစ်ချောင်းကို လက်ထဲတွင်ကိုင်ထားရင်း ထိတ်လန့်တကြား တုန်တုန်ယင်ယင်ဖြင့်သာ အော်ဟစ်နိုင်ခဲ့၏။
"အာ! အာ! အား! သွားစမ်း!"
ဖုတ်ကောင်တွေဝိုင်းခံထားရတဲ့ ထိုလူကို ကျန်လူများက မသိမသာရှောင်သွားခဲ့ကြသည်။
ထိုသူက ကျန်သည့်လူများကို မျက်ရည်ဝိုင်းကာကြည့်ရင်း နဲရှောင်တို့အုပ်စုအား လက်ညှိုးတထိုးထိုးဖြင့် ဒေါသတကြီးအော်ဟစ်နေ၏။
"မင်းတို့က သေရမယ့်လူမှမဟုတ်တာ။ မင်းတို့အားလုံးး ဘယ်လိုတောင်လူမဆန်ကြတာလဲ!!"

STAI LEGGENDO
ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေး
FantasyType Web Novel (CN) Language Chinese Author Huà Xī 画兮 Status in COO 92 chapters + 2 extra chapters Completed First of all , I'm not the owner of this novel.I'm just a translator.Just fan translation.All credits to original author and english transla...