21 ͭ ͪ

3K 731 28
                                    

နောက်တစ်နေ့ နံနက်စောစော နေထွက်သည်နှင့် ကြီးသထက်ကြီးလာသော လူအုပ်ကြီးသည် Shanchengမြို့ဆီသို့ ခရီးဆက်ခဲ့ကြသည်။

သို့သော် သူတို့ရွာငယ်လေးမှ မထွက်ခွာမီဖုတ်ကောင်တစ်ကောင်သည် နေရာတစ်ခုမှထွက်လာခဲ့သည်။ ခက်ခက်ခဲခဲ လာရသည့်နှယ်။ထို့နောက် ကျောင်းအနောက်တောင်ဆီသို့ အလောင်းကောင်လို လျှောက်သွားလေသည်။

မျက်လုံးတစ်ဝိုက်က မည်းနေပြီးမျက်အိတ်မရှိဘဲ အနံ့ခံနေပုံရသည်။ထို့နောက် ဝူရိလေးတို့အဖွဲ့ မနေ့ကမြေမြှုပ်ခဲ့တဲ့  မုန့်ကွမ်းယောင်၏အလောင်းအား မြေကြီးထဲမှဆွဲထုတ်လိုက်သည်။

ဖြူဖျော့ဖျော့၊နက်ပြာရောင်သန်းကာ ချွန်ထက်သော လက်သည်းများကို  မုန့်ကွမ်းယောင်၏ ဦးခေါင်းခွံထဲသို့ ထိုးထည့်လိုက်သည်။ဦးနှောက်အတွင်းထဲသို့ မွှေနှောက်နေပြီးနောက် ပါးလှပ်ကာဖောက်ထွင်းမြင်ရသော မီးခိုးရောင်စွမ်းအင်တိုင်ကို ဆွဲထုတ်လိုက်၏။

လက်ထဲရှိ ထိုစွမ်းအင်တိုင်လေးနှင့်အတူ ဖုတ်ကောင်သည် မတ်တပ်ထရပ်ကာ မျက်မမြင်သဖွယ် ရောက်တည့်ရာရာလျှောက်သွားနေသည်။

ရှောင်ဝူရိတို့မှာ ထိုအရာအားလုံးကို မသိလိုက်ကြချေ။

***

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ မြောက်ပိုင်းတွင်..

နဲရှောင်တို့အဖွဲ့သည် နောက်ဆုံးတွင် ဟာပင်းလေဆိပ်သို့ရောက်ရှိလာပြီး သွမ့်ဝမ်ယွီနှင့်နင်းဖုန်းတို့ ပြန်တွေ့ခဲ့ကြသည်။အဖွဲ့သားတွေအားလုံး ဘေးမသီရန်မခနှင့် တစ်စုတစ်စည်းတည်းပြန်လည်တွေ့ဆုံကြရသဖြင့် အားလုံးမှာစိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွလာတော့သည်။

နင်းဖုန်းသည် နဲရှောင်တို့သုံးယောက်ကို ကြည့်ပြီး ဝမ်းသာသွားကာ မျက်ရည်များပါကျဆင်းလာလေ၏။ သူသည် ကိုအာလာလေးလို ပြေးဖက်လိုက်သည်။နဲရှောင်၏မျက်တောင်များမှာ တလှုပ်လှုပ်ဖြစ်သွားပြီး နင်းဖုန်း၏လမ်းကြောမှ ရှောင်ထွက်လိုက်ကာ သူ့နောက်က ဝူဝမ်ချီအား မျက်ရည်ကျလုမတတ်ဖြစ်သော ဆက်ဆံမှုလေးနှင့်ပေးတွေ့ပေးလိုက်သည်။

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးWhere stories live. Discover now