Thirteen

2.9K 760 41
                                    

ရှဲ့ကျွင်းတို့ ဖုတ်ကောင်အနည်းငယ်သာသွားလာနေသော ကျောင်းဝင်ပေါက်ကို ကြည့်လိုက်သည်။ ဘေးမှ မယုံနိုင်သလို စိတ်ရှုပ်နေပုံရတဲ့ လျောက်ရုံကိုလည်းကြည့်လိုက်သည်။

"မင်းပြောတော့ ဖုတ်ကောင်တွေအများကြီးရှိတယ်ဆို?"

“ဘာဖြစ်သွားတာလဲမသိဘူး”

လျောက်ရုံမှာ အမှန်တကယ်ကို ရှုပ်ထွေးနေပုံရပြီး မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည်။ လျောက်ရုံရဲ့ဤသို့သောအမူအရာတွေကြောင့် ကျောင်းထဲဘာဖြစ်သွားတာလဲဆိုတာဝင်ကြည့်ဖို့ သူတို့ဆုံးဖြတ်လိုက်၏။

မကြာမီ ကျောင်းရဲ့ကွင်းငယ်လေးနားသို့ရောက်လာသောအခါ မနီးမဝေးမှာရှိနေတဲ့ ဖုတ်ကောင်အုပ်စုကြီးကြောင့် လန့်သွားရသည်။

ဖုတ်ကောင်များမှ ထွက်လာသော ပုပ်အက်အက်အနံ့များက သူတို့နှာခေါင်းအတွင်းသို့ပျံ့နှံ့လာပြီး  အနံ့ခံအာရုံပျက်သွားတော့မည်ဟုထင်ရလောက်အောင် ဆိုးရွားကာ ပျို့အန်ချင်လာကြသည်။

ဒီလို ကြောက်စရာကောင်းတဲ့ မြင်ကွင်းကို မြင်လိုက်ရသော လျောက်ရုံမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး မျော်လင့်ချက်ကင်းမဲ့စွာဖြင့်
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!”

ဖုတ်ကောင်များက အနီးအနားတွင် လတ်ဆတ်သောအသွေးအသားအနံ့ရတော့ တိုက်ခိုက်ရန်လှည့်ကြည့်လာကြသည်။ရှဲ့ကျွင်းလည်း ထိတ်လန့်မှုကြောင့်မလှုပ်မယှက်ဖြစ်နေတဲ့ လျောက်ရုံကိုဆွဲကာ အနီးအနားမှာရှိတဲ့ ကျောင်းအဆောက်အအုံတစ်ခုတွင် ဝင်ပုန်းရသည်။

ကျောင်းအဆောက် အအုံခေါင်မိုးပေါ်သို့တက်ပြီးနောက် ထိုနေရာတွင် ဖုတ်ကောင်တွေဝိုင်းစုနေရတဲ့အကြောင်းအရင်းကို သူတို့သိသွားကြသည်။

ဖုတ်ကောင်တွေဝိုင်းစုနေရတဲ့အကြောင်းအရင်းကိုတွေ့လိုက်ရတဲ့ လျောက်ရုံမှာ ရုတ်တရက်ဝန်ထုပ်ဝန်ပိုးကြီးကျသွားသလို စိတ်သက်သာရာရသွား၏။ ပျော်ရွှင်မှုကြောင့်ကျဆင်းလာတဲ့မျက်ရည်များက သူ့အမြင်အာရုံကို ဝါးနေစေပြီး
“ကောင်းလိုက်တာ ကောင်းလိုက်တာ!!!” ဟု အော်ဟစ်လိုက်သည်။

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးWhere stories live. Discover now