28

5.2K 862 57
                                    

စွမ်းအင်coreထွက်ပေါ်လာချိန်မှာတော့ နဲရှောင်တို့မှာ ခန္ဓာကိုယ်ထဲမှစွမ်းရည်တိုင်နှင့်ပတ်သက်ပြီး သတိထားမိခဲ့ကြသည်။သို့ပေသိ သူတို့၏စွမ်းအင်coreဟာ သူတို့လိုလားသည့်အချိန်မှ ငွေ့ရည်ဖွဲ့ကာ ပုံသဏ္ဍာန်ပေါ်ထွက်လာခြင်းဖြစ်၏။တဆက်တည်းမှာပင် ထွက်ပေါ်လာချိန်အတွင်း သူတို့၏ ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်coreသည် အရည်ပျော်သွားခဲ့ပြီး ခန္ဓာကိုယ်အားလှည့်ပတ်ကာ အစိတ်အပိုင်းအသီးသီးဆီသို့ ပေါင်းစည်းသွား၏။ထိုသို့အင်တိုက်အားတိုက် ပေါင်းစည်းခြင်းကြောင့် ထိုအရာကို တခြားသူများမှာ အလွယ်တကူ ယူ၍မရနိုင်ပါ။သို့သော် စွမ်းအင်coreပေါ်ထွက်မလာသေးသောသူများတွင်တော့ စွမ်းအင်coreဟာ သူတို့၏ခန္ဓာကိုယ်တစ်နေရာတွင်တော့ အသေအချာကိုရှိနေသေး၏။ ထို့ကြောင့် တတိယအဆင့်ဇွန်ဘီသည် ရုတ်တရက် လမ်းကြောင်းပြောင်းကာ နင်းဖုန်းနှင့် ရှောင်ယန်းကို တိုက်ခိုက်တဲ့အချိန်  နဲရှောင် သည် ၎င်းတို့နှစ်ဦးကို ချက်ချင်း ထွက်ခွာရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က ကျန်းချိုးမှာ ထိန်းချုပ်ခံနေရတုန်းက ထိုဖုတ်ကောင် ဘာကိုရည်ရွယ်နေသလဲသတိပြုမိသွားခြင်းဖြစ်သည်။။သူတို့တွေရဲ့
ပုံသဏ္ဍာန်မရှိတဲ့ စွမ်းအင်coreနှင့်ယှဥ်လိုက်ပါက ဇွန်ဘီများ၏သဘောသဘာဝအရ အလွယ်တကူဆွဲထုတ်လို့ရသည့်အရာကို ပိုသဘောကျမှာ ကျိန်းသေ၏။  ဖုတ်ကောင်များသည် တိုက်ရိုက်တူးဖော်နိုင်သည့် အရာများကို သဘာဝအတိုင်း နှစ်သက်ကြသည်။ထိုခွဲ​ခြမ်းစိတ်ဖြာမှုကိုကြားလိုက်ရတော့ နင်းဖုန်းမှာ သူ့ခေါင်းကိုကိုင်ကာ တုန်ရီသွား၏။

  "ဒါဆို ငါ့ခေါင်းထဲက စွမ်းအင်coreက ဇွန်ဘီတွေမျက်လုံးထဲ အရသာရှိတဲ့မုန့်ကြီးပေါ့လေ" 

"ဟုတ်တာပေါ့"

သွမ့်ဝမ်ယွီက နင်းဖုန်းရဲ့ ခေါင်းကို  ပွတ်သပ်ပေးလိုက်ပြီး
"အခုမင်းလုပ်ရမှာက စွမ်းအင်coreမပေါ်လာခင်အချိန်ထိမင်းရဲ့ခေါင်းထဲက ရတနာလေးကို သေချာကာကွယ်နေဖို့ပဲ" ဟု ငြင်သာစွာပင်ပြောလိုက်၏။

ကျောင်းအုပ်ဆရာကြီးယွမ်နှင့် အခြားသာမန်ကျောင်းသားများမှာ ထိုစကားကိုကြားပြီးနောက် ရှဲ့ကျွင်းနှင့်လျိုတာ့ရှန်းတို့၏ခေါင်းအား စိုးရိမ်စွာလှမ်းကြည့်နေ၏။

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးWhere stories live. Discover now