27

4.5K 847 46
                                    

မှော်ဆန်သော "ဟမ်းစတားအသွင်ပြောင်း" မြင်ကွင်းသည် ရှိနေသူအားလုံးကို ထိတ်လန့်စေ၏။  သူတို့မှာ ထိုမြင်ကွင်းက အမှန်ဖြစ်ကြောင်း အတည်ပြုရန် မျက်လုံးများကို ပွတ်သပ်နေ၏။

သူ့မူလအသွင်သို့ကူးပြောင်းသွားသော စိတ်လှုပ်ရှားနေတဲ့ဝူရိလေးမှာ သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ သူ့ဒယ်ဒီမျက်နှာပေါ်တွင် ငိုကြွေးနေလေ၏။ သူ့ခြေသည်းသေးသေးလေးများက နဲရှောင်၏နှာခေါင်းပေါ်တွင် ဟိုပုတ်ဒီပုတ်လေးလုပ်နေ၏။

နဲရှောင်မှာတော့ အမွှေးသေးသေးလေးတွေနှင့်​မျက်ရည်စက်များဖုံးလွှမ်းခြင်းခံနေရ၏။ ဒီပေါက်စလေးပြုတ်ကျခါနီးပြီဟု ခံစားရ၍ လှမ်းပြီးဖမ်းပေးလိုက်ရသေးသည်။

ပေါက်စီလုံးလေးသည် ပြုတ်ကျသွားပြီး နဲရှောင်ရင်ဘတ်ပေါ်သို့ရောက်သွားကာ  “ဝူးးးချိ  ဝူးးးချိ” ဟု သူ့ဒယ်ဒီလက်မလေးကိုဆုပ်ကိုင်ကာ ဆက်လက် ငိုကြွေးနေခဲ့သည်။ ပဲစေ့လေးလို့မျက်ရည်လုံးလေးတွေက သူ့အမွှေးတွေပေါ် တစ်စက်ချင်းစီကျဆင်းလာကာ ငိုရှိုက်သံများကြားက ကြို့ထိုးသံလေးများဟာလည်း ထွက်ပေါ်လာသေး၏။

  ထိုမြင်ကွင်းကိုမြင်လိုက်ရတဲ့နဲရှောင်မှာ နှလုံးသားထဲထိသွားရတော့သည်။သူ့လက်ထိပ်လေးနှင့်အကောင်ပေါက်လေး၏ခေါင်းကိုပွတ်ပေးကာ အရင်ကချော့နေကြအတိုင်း နူးညံ့စွာပြောလိုက်၏။
“လိမ္မာလိုက်တဲ့ကောင်လေး~မငိုနဲ့တော့နော်~ဒါ ဒယ်ဒီ့အပြစ်ပါ။  ဒယ်ဒီက ချူးပေါင်လေးကိုမမှတ်မိတာ မလိုချင်တော့လို့မဟုတ်ပါဘူးကွာ နော်?"

ဒါကိုကြားတော့ ဟမ်းစတာလေးဟာ ချက်ချင်းပဲ ခေါင်းညိတ်လိုက်ပြီး မျက်ရည်ရွှဲနေတဲ့မျက်လုံးကြီးတွေနဲ့ သူ့ဒယ်ဒီကိုတောက်ပစွာကြည့်လိုက်၏။ထို့နောက် သူ၏ခြေသည်းများနှင့် ခြေဖဝါးလေးတွေကို အသုံးပြုကာ နဲရှောင်၏လက်ကနေတစ်ဆင့်ပခုံးအထိတွားသွားနေ၏။

သူက နဲရှောင်၏လည်ပင်းကို ပွေ့ဖက်ကာ ခြေဖဝါးလေးများကို ကူတင်ကာ နဲရှောင်၏ နားရွက်ဆီသို့ ညင်သာစွာ မှီလိုက်သည်။

“ချော့ပ်”

ဒယ်ဒီက သားကိုမလိုချင်တာမဟုတ်ဘူးတဲ့ !

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးWhere stories live. Discover now