Part 2

3.5K 222 2
                                    

မာမီတို့ဆီက ပြန်လာတာ နောက်ကျသောကြောင့် လကွေးကွေးလေးကို မြင်ရချိန်ထိ ရောက်သွားခဲ့သည်။ ညစာကို မာမီတို့က အတင်းစားခိုင်း၍ စားခဲ့ရသည်။ တနေကုန် ထိပ် နဲ့ မတွေ့ရသေး၍ ဟာတာတာဖြစ်နေသည်။ ထိပ် ရဲ့ တိုက်ခန်းသော့က မေ ဆီမှာလဲ တစ်ခုပွားထားလို့ သော့ဖွင့်ဝင်လိုက်သည်။

'ထိပ် ရေ ဘယ်မှာလဲ ဘာလုပ်နေလဲ မေ ပင်ပန်းလာတယ် မေ့ကို လာပွေ့ပါဦး'

ဧည့်ခန်းထဲမှာ မတွေ့။ ထမင်းစားခန်းရောက်သော် ထမင်းစားပွဲပေါ်တွင် အိပ်ပျော်နေသော ထိပ် ကို တွေ့လိုက်ရသည်။ အနက်ရောင်ရှိပြီး ခုခေတ်စတိုင်လ် ဆံပင်တိုပါးပါးလေးနှင့် လိုက်ဖက်စွာ ချောမောသည့်ရုပ်ရည်ကို ပါးချိုင့်လေးက ဖြည့်လိုက်သောအခါ ထိပ်ဦးတင် ဆိုသော ပိန်ပိန်သွယ်သွယ် အရပ်ရှည်ရှည်နှင့် မေ့ချစ်သူသည် အရမ်းကို ဆွဲဆောင်မှုရှိလှသည်။

'ထိပ် Darling ရေ ထပါဦး'

'ဟင် မေ ပြန်လာပြီလား ဘယ်နှနာရီရှိပြီလဲ အယ် မေ့နေကော ဟင်းရည်တွေ အေးကုန်ပြီ ဆာနေပြီလား ဆောရီးနော် မေ အခုပြန်နွှေးလိုက်မယ်'

'ရှစ်နာရီကျော်ပြီ ထိပ်
ပြီးတော့ မေ အိမ်က စားလာခဲ့ပြီ ထပ် ဘာလို့ ထမင်းစားပွဲမှာ အိပ်ပျော်နေတာလဲ အစာအိမ်အောင့်ပြန်ပြီလား'

'ဪ မေ က စားခဲ့ပြီလား
ဟုတ်တယ် ဒီနေ့ အစာအိမ်ပြန်အောင့်ချင်လာလို့ စောပြန်လာတာ မေ့ကိုစောင့်ရင်း ခဏမှေးခနဲ ဖြစ်သွားတာ'

'ဟင် ဒါဆို ထိပ် မစားရသေးဘူးပေါ့ ထိပ် ရယ် ဗိုက်အောင့်နေတာကို စားတာမဟုတ်ဘူး အခုစားလေ'

'မေ စားချင်တာလေး လုပ်ထားလို့ ထိပ် က အတူစားဖို့စောင့်နေတာ မေ က အတူမစားတော့ဘူးလား'

'ထိပ် ကလဲ  ဒယ်ဒီနဲ့မာမီ စိတ်ချမ်းသာအောင် အိမ်ကပဲ စားခဲ့ပြီးပြီ ဗိုက်ကအရမ်းပြည့်နေပြီ ထိပ် ပဲ စားလိုက်တော့နော် မေ ရေချိုးချင်နေပြီ တနေကုန်ပင်ပန်းပြီး မလန်းလို့ ပြီးတော့ မနက်ဖြန် မေ အလုပ်မသွားဘူး နားမလို့ ထိပ် လဲ ဆိုင်မသွားနဲ့တော့နော် မေ့နားမှာ နေပေး'

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Donde viven las historias. Descúbrelo ahora