'သား..သား..ငါ့သားလေး..စံအိမ်..သမီး..ငါ့သားလေးကော'
'မောင်လေးက..မောင်လေးက...အဟင့်..ဟင့်..ချောက်ထဲ ကားနဲ့အတူပါသွားတယ် ဦးဦး'
'သား..ငါ့သားလေး...အားး..အ'
သားဇောဖြင့် လိုက်လာသော ဦးစည်သူဟိန်းမှာ ရင်ဘတ်ဖိရင်း လဲကျသွားသည်။ ယွန်းစံအိမ်မှာ မျက်ရည်စက်လက်ဖြင့်..
'ဦးဦး..ဦးဦး...သတိထားပါဦး..'
'ဦးလေးတို့ ကျွန်မ ဒီက မေ နဲ့ ဦးဦးကို ဆေးရုံခေါ်သွားနှင့်မယ် ရမလား'
'ဟာ..ရပါတယ်..အသက်ရှင်နေတဲ့သူတွေက ပိုအရေးကြီးပါတယ် မင်းလွင် နဲ့ လှဦး'
'ရှိ..'
'ဒီညီမလေးတို့ကို ကူညီပြီးလိုက်ပို့ပေးလိုက် ငါ ဒီနေရာကိုစစ်ဦးမယ်'
'ဟုတ်ကဲ့'
ကားပေါ်ရောက်တော့ ယွန်းစံအိမ် ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်သည်။
'ချောက်ထဲကို လူဆင်းရှာဖို့ ကျွမ်းကျင်သူတွေ ရှာထားပေး ဘယ်လောက်ပေးရပေးရ မြန်မြန်ခေါ်ခဲ့'
............................×.........................
'မောင်လေး အဝေးကြီးသိပ်မသွားနဲ့နော် မမ သစ်ခွလေး ခူးလိုက်ချင်လို့'
ဝတ်ရည်တစ်ယောက် နားမကြားသော သူ့မောင်လေးကို sign language ဖြင့် ပြောလိုက်သည်။ သူ့အမေမှာ ရောဂါသက်သာနေပြီဖြစ်၍ အမျိုးများနှင့် ခဏထားခဲ့ကာ စျေးကောင်းရသော သစ်ခွများခူးရန်လာခဲ့ခြင်းဖြစ်သည်။ အလုပ်နားရက်မို့ အမျိုးများအိမ်တွင် ရောက်နေခြင်းဖြစ်သည်။
'အား...အားး...အား...'
မောင်လေး၏ စူးစူးဝါးဝါးအော်သံကြား၍ ဝတ်ရည်အပြေးသွားလိုက်သည်။ မြင်လိုက်ရသည်က သွေးများပေနေသော လက်အစုံဖြင့် မောင်လေးမှာ မြေကြီးပေါ်လဲနေပြီး မောင်လေးအနီး မြက်ပုံများပေါ်တွင် သွေးအလိမ်းလိမ်းဖြင့် လူတစ်ယောက်လဲနေသည်။ ဝတ်ရည် စိုးရိမ်ထိတ်လန့်စွာ အနားကပ်လာပြီး လဲနေသောလူ၏ နှာခေါင်းဝနားကို လက်ညှိုးလေးဖြင့် အသက်ရှူ မရှူ စမ်းကြည့်ရာ လေငွေ့ငွေ့ရသည်ကိုခံစားလိုက်ရသည်။ သူ့မောင်လေးမှာ အားငယ်ပြီး ကြောက်တတ်သူမို့ လဲနေသူမှာ တောင်ထိပ်က ပြုတ်ကျခြင်းပင်ဖြစ်မည်ဟု ဝတ်ရည် တွေးလိုက်သည်။ ထိုလူမှာ မြက်ပုံပေါ်ကျ၍သာ အသက်မသေခြင်းဖြစ်မည်။ ချောက်က နက်သော်လည်း အောက်ခြေထိပြုတ်မကျပဲ လမ်းခုလတ်တွင် ဘေးသို့လိမ့်ကျခဲ့ဟန်တူသည်။ ဝမ်းဗိုက်တွင် သွေးများရွှဲနေကာ အေးစက်လာသဖြင့် သူ့အပေါ်ဝတ်အင်္ကျီလေးကို ထိုလူ၏ဒဏ်ရာသို့ တင်းတင်းချည်လိုက်သည်။ ထို့နောက် သူ့မောင်လေးကို ထိုသူအားကုန်းပိုးရန် ပြောလိုက်ပြီး တောထဲမှအမြန်ဆုံးထွက်လာခဲ့သည်။ အိမ်သို့တန်းမပြန်ပဲ ဆေးရုံသို့ချက်ချင်းသွားလိုက်ရာ ထိုသူကို အရေးပေါ်ခန်းသို့ ချက်ချင်းသယ်သွားလိုက်ကြပါသည်။ နာရီဝက်ခန့်အကြာတွင် ဆရာဝန်တစ်ယောက်ထွက်လာကာ....

BẠN ĐANG ĐỌC
"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)
Lãng mạnပန်းခြံထဲက ပန်းကလေး လှပပွင့်ဖူးဖို့ ဥယျာဥ်မှူးဟာ ဆူးစူးလဲခံရဲတယ် မြေဆွေးကိုင်တဲ့လက်ကို သွေးစို့ရလဲဖြစ်တယ် အဓိက ပန်းပွင့်လေး လှပတင့်တယ်စွာ ရှင်သန်ဖို့ပဲ #ထိပ်ဦးတင် ပန်းတစ်ပွင့်လှပဖို့ ဥယျာဥ်မှူးက တာဝန်အရှိဆုံးသူပဲ ပန်းတကာထဲမှာ အလှပဆုံးဖြစ်အောင် ဥယျာ...