ထိပ် မိုးထဲလေထဲတွင် ကားကိုအပြင်းမောင်းလာခဲ့သည်။ ဆေးရုံတွင် သွန်းလေးကို ဖေဖေစောင့်ပေးနေသဖြင့် စိတ်မပူစေရန် အလုပ်ကိစ္စအကြောင်းပြကာ မိုးလင်းမှပြန်လာမည် ဟု ပြောထားလိုက်သည်။ မေ့အတွက် စိုးရိမ်စိတ်ဖြင့် ကားမောင်းသောလက်များတုန်ယင်ကာ စိတ်ထဲမှာလဲ ယောက်ယက်ခတ်နေသည်။ မေ တစ်ခုခုဖြစ်သွားရင် သူ့ကိုယ်သူဖြေနိုင်မှာမဟုတ် ဟု သိနေ၍ ထိပ် ကားကိုအရှိန်မြှင့်ပြီး မောင်းလိုက်ပါသည်။ အချိန်မှာ ည ၁၁ နာရီခန့်ရှိနေပေပြီ။ ယွန်းစံအိမ်ပြောသည့် လိပ်စာအတိုင်း မောင်းသွားရာ ခြံကျယ်ကြီးတစ်ခုက ဆီးကြိုနေပါသည်။ ခြံရှေ့တွင် ဝဏ္ဏဟိန်းတပည့် ၁၅ယောက်က သံတုတ်များကိုင်ကာ စောင့်ဆိုင်းနေသည်ကိုလဲ တွေ့ရသည်။ ထို့နောက် ထိပ် ကားလီဗာကိုဖိနင်းကာ ခြံတံခါးဆီသို့ တရကြမ်းမောင်းတိုက်လိုက်ပါသည်။
'တီ..တီ..တီ'
'အေး..ပြော'
'အ..အစ်...အစ်ကိုလေး ထိပ်ဦးတင် မောင်းတဲ့ ကားဝါလေးတစ်စီးဝင်လာတယ် အစ်ကိုလေးတပည့်တွေနဲ့ တွယ်နေကြပြီ'
'ဟင်..သူက လိပ်စာဘယ်လိုသိတာလဲ ဘယ်လိုရောက်လာရတာလဲ ငါ့အကြံအစည်တော့ ပျက်တော့မှာပဲ ငါ ခဏနေလာမယ် ထူးဟန် သူ့ကို လုံးဝအိမ်ထဲမရောက်စေနဲ့ မင်းတို့ကြိုက်သလိုလုပ်လို့ရတယ် မသေစေနဲ့ဦး ငါကိုယ်တိုင်သူ့ကိုဆုံးမမယ် မေထိုက်တန်ကော....'
'စောစောက တံခါးဖွင့်ဖို့တော့ ကြိုးစားနေတယ်ထင်တယ် အခုတော့ အသံမကြားတော့ဘူး အစ်ကိုလေး ဘာတွေဖြစ်ကုန်ပြီလဲ အစက အစီအစဥ်ထဲ သူမပါဘူးလေ ဖြစ်..ဖြစ်ပါ့မလား'
'ဟေ့ကောင်..အခန်းက ဝင်ပေါက် တစ်ခုထဲရှိတာမို့ ဝင်ပေါက်ကိုပဲ သတိထားစောင့်ကြည့်နေ ငါတို့အကြံအစည်အောင်မြင်ဖို့ နီးနီးလေးပဲ လိုတော့တယ် မင်းက မေထိုက်တန်ကို လက်စားချေချင်တယ် ငါက ထိပ်ဦးတင်ကို သတ်ချင်တယ် မင်း နဲ့ ငါ ဒီချိန်ရောက်မှ နောက်ဆုတ်လို့မရတော့ဘူး အဆုံးထိဆက်ရတော့မှာ မင်းသဘောပေါက်ထားရမယ် မင်းလက်စားချေချင်သူကို ဒီချိန်မှာ စိတ်ကြိုက်လုပ်လို့ရပြီဆိုတာ မင်းသိသင့်တယ် ငါ မကြာဘူး ခုပြန်လာတော့မှာ မင်းကြောင့် ငါ့အစီအစဥ်လွဲလို့ကတော့ မင်းအရင်ဆုံးသေမယ်ဆိုတာ မှတ်ထား...ဒါပဲ ဟေ့ကောင်'
ŞİMDİ OKUDUĞUN
"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)
Romantizmပန်းခြံထဲက ပန်းကလေး လှပပွင့်ဖူးဖို့ ဥယျာဥ်မှူးဟာ ဆူးစူးလဲခံရဲတယ် မြေဆွေးကိုင်တဲ့လက်ကို သွေးစို့ရလဲဖြစ်တယ် အဓိက ပန်းပွင့်လေး လှပတင့်တယ်စွာ ရှင်သန်ဖို့ပဲ #ထိပ်ဦးတင် ပန်းတစ်ပွင့်လှပဖို့ ဥယျာဥ်မှူးက တာဝန်အရှိဆုံးသူပဲ ပန်းတကာထဲမှာ အလှပဆုံးဖြစ်အောင် ဥယျာ...