Part 23

2.1K 175 0
                                    

'တီးတောင် တီးတောင် တီးတောင်'

အိမ်ရှေ့မှ bell တီးသံကြောင့် ဦးလွင်နိုင် အိမ်ပေါ်မှဆင်းလာခဲ့သည်။ ဒေဝီ တရေးတမောအိပ်နေသည်မို့ မနိုးစေချင်၍ အမြန်ပြေးဆင်းလာခဲ့ပါသည်။ ထို့နောက် တံခါးကိုဖွင့်လိုက်သောအခါ မြင်လိုက်ရသောသူ၂ယောက်ကြောင့် ပါးစပ်အဟောင်းသားဖြစ်ကာ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်သွားသည်။

'ဖေဖေ'

ခေါ်သံကြားမှ ဦးလွင်နိုင် သတိဝင်လာကာ မျက်လုံးတို့ကိုပွတ်သပ်လိုက်ပြီး...

'သမီးကြီး...သမီးကြီး...ဟား...ဒါ ငါ့သမီးကြီးအစစ်ဟုတ်ပါတယ်နော် နေ့ခင်းဘက်ကြီးဆိုတော့ ဝိညာဥ်တို့ဘာတို့လဲ မဖြစ်နိုင်ပါဘူး အခုတွေ့နေရတာ အိပ်မက်တော့မဟုတ်ဘူးမလား'

ထိပ် က ရယ်လိုက်ကာ ဦးလွင်နိုင်ကို ပွေ့ဖက်ကာ...

'ကဲ ဖေဖေ သမီးပြန်လာတာ အခုယုံပြီလား သမီး လူအစစ်ဆိုတာကော သိပြီလား'

'သမီးကြီး....ငါ့သမီးကြီး...ကြည့်ပါဦး ဖေဖေသိနေတယ် ငါ့သမီးကြီးက ကြံ့ခိုင်တာကိုလေ ရုပ်ကနည်းနည်းပြောင်းသွားတယ် အသားတွေစိုပြီး ပိုချောလာတယ် အသံကတော့ အရင်နဲ့မတူဘူး ငါ့သမီးကြီး တကယ်ခက်ခဲခဲ့မှာပဲ ဖေဖေ အတူရှိမပေးနိုင်ခဲ့တာ ခွင့်လွှတ်ပါ'

'ဒါတွေပြောမနေပါနဲ့ ဖေဖေရာ မေမေကော သွန်းလေးနဲ့လဲ တွေ့ချင်လှပြီ ဖေဖေ'

'ဟုတ်သားပဲ အပျော်လွန်ပြီး အိမ်ထဲဝင်ခိုင်းဖို့မေ့သွားတယ် လာ..လာ သမီးကြီး..ယွန်းစံအိမ်လဲလိုက်ခဲ့ပါ ကတိအတိုင်း သမီးကြီးကို ပြန်ခေါ်လာပေးလို့ အများကြီးကျေးဇူးတင်ပါတယ်'

'ရပါတယ် ဦးလေး ကျွန်မက ကတိတစ်ခုကိုအလွယ်မပေးတတ်ပါဘူး အခုက ချာတိတ်ကို လိုက်ပို့တာပါ ခုမှပြန်ဆုံရတာဆိုတော့ ပြောစရာတွေများမှာပဲ ကျွန်မကို ခွင့်ပြုပါဦးရှင့်'

'ကျေးဇူးပါ ယွန်း ကိုယ် ဒီနေ့ ဒီမှာအိပ်လိုက်မယ်'

'Ok! ကျေးဇူးတင်ရင် ကျန်းမာရေးဂရုစိုက်ရမယ်နော်..bye'

'ဖေကြီး...ဧည့်သည်လာတာလား...ဟင်...ဒါ..ဒါက..!'

'မေမေ'

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Donde viven las historias. Descúbrelo ahora