Part 26

2.3K 169 0
                                    

'ယွန်း ပြန်တော့မယ်နော်'

'ကျေးဇူးပဲ ယွန်း ကိုယ် လိုက်မပို့တော့ဘူးနော်'

'အင်း ရပါတယ် နေခဲ့ပါ'

ထွက်သွားသော ယွန်းစံအိမ် ကိုကြည့်ပြီး ထိပ် အတွေးများဖြင့် ကျန်ခဲ့သည်။ လိုသည်ထက်ပိုချင်သော ဆက်ဆံရေးကို ဦးတည်နေသော ယွန်း အဖြစ်ကို သိသော်လည်း ထိပ် နှလုံးသားက ပိုင်ရှင်ရှိပြီးသား ဖြစ်နေခဲ့သည်။ ယွန်းစံအိမ် ကို ထိပ် အစ်မတစ်ယောက်လို ချစ်ပါသည်။ သို့သော် တစ်ဖက်သတ်မျှော်လင့်သူကို အခွင့်အရေးပေးသလို ဖြစ်နေမည်စိုး၍ ထိပ် ဘက်က အမြဲခက်ထန်စွာ ယွန်း အပေါ်အမြဲဆက်ဆံနေမြဲပင်။ ထိပ် အဖြစ်ကို ယွန်းစံအိမ် ဘက်က သိနေနိုင်သော်လည်း ချစ်ခြင်းမေတ္တာမှာ ထိန်းချုပ်မရအောင် စွမ်းအားကြီးလှသည် မဟုတ်ပါလော။

မနက် ၃ နာရီလောက်တွင် Party ပြီးဆုံး၍ ဧည့်သည်များပြန်ကုန်ကြသည်။ ထိပ် မှာလဲ ဧည့်သည်များနှင့် စကားမပြတ်ပြောရ၍ ပင်ပန်းနေပြီဖြစ်သည်။ မေ မှာ ၁၂ နာရီကျော်လောက်ကတည်းက အမူးလွန်နေပြီဖြစ်၍ ထိပ် ပင် အိပ်ယာပေါ်ပွေ့ချီကာ သိပ်ထားခဲ့ရသည်။ ထိပ် အိပ်ယာအနီးရောက်တော့ မေ့ အဝတ်များကို လဲပေးရန် မေ့ကိုပွေ့လိုက်စဥ်....

'ဟ...'

ရုတ်တရက် မေ က ထိပ် အင်္ကျီကို ဆုပ်ကိုင်ကာဆွဲလိုက်ရာ ထိပ် အိပ်ယာပေါ် လဲကျသွားစဥ် ထိပ် ကိုယ်ပေါ်သို့တက်ထိုင်ကာ အပေါ်မှအုပ်မိုးကာ ထိပ် မျက်နှာကို ကြည့်နေသည်။ ထိပ် ရုတ်တရက်မို့ လန့်သွားကာ.....

'မေထိုက်တန် မူးနေရင်လဲ အိပ်တော့လေ'

'ရှူးးး....'

မေ က ထိပ် နှုတ်ခမ်းကို သူ့လက်ညှိုးလေးဖြင့် ထိပိတ်လိုက်သည်။

'ထိပ် က အရင် ဒီလိုစကားမများတတ်ပါဘူး ငြိမ်ငြိမ်နေစမ်းပါ မေ့ကိုပစ်ထားတာ ဘယ်လောက်ကြာနေပြီလဲ'

မေ အမူးလွန်နေသည်ကို ထိပ် သိလိုက်သည်။

'ကိုယ်က တိုင်းမဟာ လေ ထိပ် မှ မရှိတော့တာ'

'တိတ်စမ်း.....ဖြန်း.....အ'

ပြောရင်း သူ့ပါးကို ခပ်ဆတ်ဆတ် ရိုက်လိုက်သည့် မေ့ ကို ထိပ် ကြောင်ကြည့်နေစဥ်....

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Donde viven las historias. Descúbrelo ahora