မေ စိုးရိမ်မှုများစွာဖြင့် ကားကို မိုင်ကုန်မောင်းနှင်လာခဲ့သည်။ သူမကို နှစ်ရှည်လများစိတ်ဒဏ်ရာပေးခဲ့သည့် အဖြစ်ဆိုးကြီးသာ နောက်တစ်ကြိမ် ပြန်ကြုံခဲ့ပါက သူမအနေဖြင့် ဆက်လက်ရှင်သန်နိုင်မည် မဟုတ်ပါ။ အရာအားလုံးသည် ကံစီမံရာ ဟုဆိုသော်လည်း အကောင်းတိုင်းရှိနေသည့် တိုင်းမဟာ ကံတရားက သူမကြောင့် ပိုမိုဆိုးဝါးသွားခဲ့ရသည် ဟု မေ ခံယူထားသည်။ ဒီတခါကြုံလာသည့် ကံကြမ္မာကိုတော့ သူမပဲအဆုံးသတ်မည် ဟု စိတ်ထဲတွင်ဆုံးဖြတ်လိုက်သည်။
မေ့ ကားလေးနှင့် နောက်နား မနီးမဝေးတွင် ခဲရောင် Minivan ကားလေးတစ်စီး လိုက်ပါနေသည်ကိုတော့ မေ မရိပ်မိခဲ့ပေ။
×××××××××××××××××××××××××
'တီ...တီ...တီ'
ခြံရှေ့မှ ကားသံကြောင့် ယွန်းစံအိမ် ဝရန်တာဘက်ကို ထွက်ကြည့်လိုက်တော့ မေ ၏ တန်ဖိုးကြီး Lexus ကား အနက်ရောင်ကို မြင်လိုက်ရပါသည်။ ထို့နောက် ခြံရှေ့တွင် အသင့်စောင့်ဆိုင်းနေသော ဦးစည်သူဟိန်း ၏ လူယုံများမှ ခြံတံခါးဖွင့်ပေး၍ မေ ဝင်လာခဲ့လိုက်သည်။
ကားကိုရပ်ကာ မေ living room ထဲသို့ အပြေးလေးဝင်လာလိုက်ရင်း....
'ဦးစည်သူဟိန်း....ဒီမှာ ရှင်လိုချင်တာတွေ အကုန်ပါလာတယ် အခုချက်ချင်းထွက်ခဲ့ပါ'
'ဟား...ဟား...ဟား...ဟား 45 မိနစ်နဲ့ကို ရောက်လာတာပါလား ဒီတစ်ယောက်က မင်းရဲ့တန်ဖိုးအရှိဆုံးလေးဆိုတာ သေချာနေပါ့ကော မထင်မိဘူး အဆိပ်ပြင်း မြွေဟောက်မလေး မှာလဲ တန်ဖိုးထားရသူရှိလိမ့်မယ်လို့လေ'
ဦးစည်သူဟိန်းက ပြောရင်း အိမ်ပေါ်ထပ်လှေကားမှ ဆင်းလာရာ အနီးတွင် ယွန်းစံအိမ်လဲ လိုက်ပါလာခဲ့သည်။
'ရှင် ဘာမှရှည်ရှည်ဝေးဝေး ပြောမနေနဲ့ တိုင်းမဟာ ဘယ်မှာလဲ သူ့ကိုမြင်ချင်တယ်'
'ဟဲဟဲ...လောလှချည်လား အခုထိ တိုင်းမဟာ လို့ခေါ်နေတုန်းပဲလား ထိပ်ဦးတင် လို့ခေါ်တော့လေ'
'ဟင်...ဘယ်လိုဖြစ်ပြီး သူက....'
ယွန်းစံအိမ် အံ့သြထိတ်လန့်စွာ ရွတ်လိုက်မိသည်။ သူမ ပိရိစွာ လုပ်ဆောင်ခဲ့ပေမယ့် ဦးစည်သူဟိန်းက တိုင်းမဟာ History ကို စုံစမ်းရင်း ရိပ်မိသွားသည်ကို သိသော်လည်း မေထိုက်တန် ကိုတော့ သိနေမည်ဟု လုံးဝမထင်ထားခဲ့ပါ။
YOU ARE READING
"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)
Romanceပန်းခြံထဲက ပန်းကလေး လှပပွင့်ဖူးဖို့ ဥယျာဥ်မှူးဟာ ဆူးစူးလဲခံရဲတယ် မြေဆွေးကိုင်တဲ့လက်ကို သွေးစို့ရလဲဖြစ်တယ် အဓိက ပန်းပွင့်လေး လှပတင့်တယ်စွာ ရှင်သန်ဖို့ပဲ #ထိပ်ဦးတင် ပန်းတစ်ပွင့်လှပဖို့ ဥယျာဥ်မှူးက တာဝန်အရှိဆုံးသူပဲ ပန်းတကာထဲမှာ အလှပဆုံးဖြစ်အောင် ဥယျာ...