Part 21

2.3K 174 0
                                    

'နင် ဘာလာလုပ်တာလဲ ခုချက်ချင်းထွက်သွား နင့်မျက်နှာ လုံးဝမမြင်ချင်ဘူး ခုထွက်သွားစမ်း'

ဒေါ်သွန်းဒေဝီ အော်ဟစ်လိုက်သည့်အသံကြောင့် ဦးလွင်နိုင် စာဖတ်နေရာမှ လျှင်မြန်စွာ ထလာခဲ့သည်။ အိမ်ပေါက်ဝသို့ရောက်သော် ဆံပင်များကို သပ်ရပ်စွာထုံးဖွဲ့ထားပြီး အဖြူရောင်ပိုးသား shirt လက်ရှည်လေးကို စကပ်အကြပ်အဝါရောင်လေးဖြင့် တွဲဝတ်ထားသော မေ နှင့် သူ့အတွင်းရေးမှူးတို့ကို တွေ့မြင်လိုက်ရသည်။

'အန်တီတို့ နှင်ထုတ်လဲ အပိုပဲ မကျေနပ်လို့ လူကိုယ်တိုင်ဆွဲထုတ်လဲ ကျွန်မကလူငယ်မို့ ကျန်းမာရေးကောင်းတယ် အားမရှိသေးတဲ့ အန်တီပဲပင်ပန်းမှာ ကျွန်မကို ဆွဲထုတ်ချင်ရင် အရင်ကျန်းမာအောင်လုပ်ပါ ဒီနေ့ ရွှေသွန်းခတ် ကို Medical check up ပြန်လုပ်ရမှာမလား ပြီးတော့ အိမ်မှာ ဒံပေါက်နဲ့ကြက်သားချက်ထားလို့ တခါထဲ ယူလာခဲ့တယ် ပူတုန်းစားလိုက်ပါ uncle ကော စားလိုက်ပါ အေးရင်မာကုန်လိမ့်မယ် မစားချင်လဲစားပါ အားရှိမှ ကျွန်မကို ပြန်တိုက်ခိုက်နိုင်မှာပေါ့ အအီပြေအောင် အရမ်းမချိုတဲ့ Kiwi juice လေးလဲဝယ်လာခဲ့တယ် စားပြီးရင်သောက်ပါ ရွှေသွန်းခတ် အတွက် ဆရာဝန်ခေါ်ထားတယ် ခဏနေလာမှာပါ ကျွန်မ သူ့ကိုသွားကြည့်ပါဦးမယ်'

'နင်...နင်...ခု ချက်ချင်းထွက်သွားစမ်း ဒီအိမ်ကိုဘာထင်လို့ နင့်စိတ်တိုင်းကျစီမံပြီး ဝင်ထွက်နေရတာလဲ ငါတို့က ဘာလို့ နင်ပြောတိုင်းလိုက်လုပ်ရမှာလဲ ငါတို့မိသားစုကို ဒုက္ခပေးတဲ့မိန်းမ ကဲဟယ်...'

ဒေါ်သွန်းဒေဝီ ပြောရင်း စိတ်တိုလာကာ အနီးရှိ ရေထည့်ထားသော ရေဖလားဖြင့် မေထိုက်တန်ကို လှမ်းပက်လိုက်ပါသည်။

'ဒေဝီ....'

'CEO....'

'ရှင်...ရှင် လွန်လာပြီနော် ဒေါ်သွန်းဒေဝီ...မမ က ဒီလောက်သည်းခံပြီး ကူညီနေတာကို..'

'သံသာချို...ဆက်မပြောနဲ့တော့ သူစိတ်ချမ်းသာသလိုလုပ်ပါစေ အရမ်းမစိုပါဘူး ကိုယ့်ကို ကားထဲက မျက်နှာသုတ်တစ်ထည်လောက် ယူခဲ့ပေးပါ'

သံသာချို ယူလာပေးသော မွေးပွပုဝါလေးဖြင့် စိုသည့်နေရာတို့ကိုသုတ်ရင်း ဒေါ်သွန်းဒေဝီစကားများကို ဂရုမစိုက်စွာ အိမ်ထဲသို့ဝင်လာခဲ့သော မေထိုက်တန် ကိုကြည့်ရင်း ဦးလွင်နိုင် သက်ပြင်းချမိသည်။ သမီးကြီး မရှိခဲ့တာ ၂နှစ်နီးပါး ရှိသွားခဲ့ပြီဖြစ်သည်။ ထိုနေ့က အလုပ်ကိုအကြောင်းပြုပြီး နောက်ကျမည် ပြောလာခဲ့သော သမီးကြီးအသံကို သူ့နားထဲက မထွက်နိုင်သေးပါ။ ဒီလိုသာဖြစ်ခဲ့မယ်သိရင် သူ သေချာပေါက်တားခဲ့မှာပဲဖြစ်သည်။ ခုတော့ အရာအားလုံးလွန်ကုန်ပြီ။ သမီးကြီးအကြောင်းကို ဆိုင် manager စုလွင် လာပြောတော့ ဒေဝီ သတိလစ်ပြီး အိပ်ယာထဲဘုန်းဘုန်းလဲသွားတော့သည်။ သမီးငယ်နှင့် သမီးကြီး ၂ ယောက်လုံး မေထိုက်တန်ကြောင့်ပဲ ကံဆိုးခဲ့ရသည်။

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Where stories live. Discover now