Part 12

2.2K 165 0
                                    

'Hteik, let's take a photo!'

'Why not?'

ဒီနေ့ ထိပ် ရဲ့ Mobile Master မှ ဆိုင်ခွဲသစ် (၄) ထပ်မံဖွင့်လှစ်ရာ Thai Model လေးမှ ထိပ်နှင့်အတူ ဓာတ်ပုံရိုက်ဖို့ ခေါ်ခြင်းဖြစ်သည်။ အဖြူရောင် long coat နှင့် အဖြူရောင် style pant တွဲဝတ်ထားပြီး Shoe အနက်ရောင်စီးကာ ဆံပင်များကို နောက်လှန်ဖြီးထားသော ထိပ် အသွင်က ချောမောသန့်ပြန့်နေသည်။ ငွေရောင်ဂါဝန်လေးတွဲဝတ်ထားပြီး ဆံပင်ကုပ်ဝဲအတိုလေးကို ကော်ဖီရောင်ဆိုးထားကာ ဖြူဖွေးနုနယ်လှပနေသော Thai Model လေးက ထိပ်လက်မောင်းကို ဖက်တွယ်ထားသည်မှာ လိုက်ဖက်၍ ကြည့်လို့ကောင်းလှသည်။ ဖဲကြိုးအတူဖြတ်ကြသည့်အခါ ထိပ် တို့ဆီတွင် camera မီးများ တဖျတ်ဖျတ်လက်နေသည်။ ထိုမင်္ဂလာရှိသော မြင်ကွင်းလေးကို luxury ကားအပြာရောင်လေးပေါ်တွင် ချောမောလှပသော မျက်နှာလေးတစ်ခုက မျက်မှောင်ကြုံ့ကာ ဒေါသထွက်နေသည့်အသွင်ဖြင့် ကြည့်နေပါသည်။ အခမ်းအနားပြီး၍ ဆိုင်လာသည့်ဧည့်သည်များကြားမှ မိန်းမချောလေးများနှင့် selfie ယူနေရသည့် ထိပ် ကတော့ လမ်းတဖက်ရှိ ထိုအမျိုးသမီးလေးကို မမြင်မိပါ။

'ဟို....CEO'

'တိတ်စမ်း...မင်းကို ဘယ်သူက စကားပြောခိုင်းနေလို့လဲ Company ကို ပြန်မယ်'

CEO မေ ရဲ့ driver ကောင်မလေးမှာ မေ့ရဲ့စကားသံကြောင့် ပါးစပ်ပိတ်ပြီး ကားကိုမောင်းထွက်ခဲ့ပါသည်။ မေ ဟုတ်ပါသည်။ မေ ဒီနေ့ ထိပ် ဆိုင်ခွဲဖွင့်မည်ကို ညက ထိပ် ပြောပြထားလို့သိနေပါသည်။ ထိပ် က လာစေချင်သော်လည်း မေ က လူသိမခံချင်လို့ မလာချင်ကြောင်းပြောတော့ ထိပ် မျက်နှာလေးငယ်သွားပေမယ့် မေ့သဘောကိုသာ လိုက်လျောခဲ့ပါသည်။ သို့သော် Company meeting များစောပြီး၍ ထိပ် ဘာလုပ်နေမည်ကို သိချင်လာသဖြင့် မေ တစ်ယောက် လာခဲ့ခြင်းဖြစ်ပါသည်။ မြင်လိုက်ရသော မြင်ကွင်းတို့ကို မေ မနှစ်မြို့ပါ။ မေ့ကိုအချစ်တတ်ဆုံး လူသားလေးကို မေ မဟုတ်သော ဘယ်မိန်းကလေးနှင့်မှ မပတ်သက်စေချင်ပါ။ ထိပ် ရဲ့ဘဝသည် မေ၊ ထိပ် ရဲ့လက်တွဲဖော်သည် မေ၊ ထိပ် ရဲ့ အရာရာသည် မေ ပဲဖြစ်စေချင်သည်လေ။

.........................×............................

Winner May Company တွင်...

'CEO ဧည့်သည်လာပါတယ် 'Yoon San Eain' Company က MD ယွန်းစံအိမ် ပါ'

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ