Part 25

2.6K 184 0
                                        

'မင်း ဘယ်သွားမလို့လဲ'

Bikini ခရမ်းရောင်လေးနှင့် လိုက်ဖက်စွာလှပနေပြီး ဦးထုပ်အဝိုင်းကြီးကြီးကိုဆောင်းကာ Ray Ban မျက်မှန်တပ်ထားသော မေ့ ကို တိုင်းမဟာက မေးလိုက်ပါသည်။

'ကျွန်မ ဘယ်သွားသွား ရှင် နဲ့ ဘာဆိုင်လဲ ရှင် သိရမှာက ကျွန်မက ရှင့် အခိုင်းအစေ မဟုတ်ဘူး ကျွန်မကို လာမချုပ်ချယ်နဲ့ ကိုယ့်ဘာသာ အေးဆေးနေ'

'ကျစ်...'

တိုင်းမဟာ စိတ်မရှည်ဟန်ပြုကာ bungalow ကနေထွက်သွားမည်ပြုနေသော မေ့အနီးသို့ တိုးကပ်လိုက်ရင်း လက်ကိုဆောင့်ဆွဲလိုက်ကာ...

'မင်း လုပ်ချင်တိုင်း လုပ်လို့မရဘူး မေထိုက်တန် ကိုယ်တို့က Hawaii ကို Honeymoon ထွက်လာတယ်ဆိုတာ လူတော်တော်များများ သိတယ် မင်းက ခုလို ရန်တွေ့နေမယ်ဆိုရင် Media တွေလက်ထဲ သတင်းကောင်းတစ်ပုဒ်ရသွားလိမ့်မယ်နော် ဒါဆိုရင် မင်း သိပ်ချစ်တဲ့ မင်း Company ရဲ့ ရှယ်ယာတွေ တမျိုးတဖုံ ပြောင်းလဲသွားနိုင်တာ မင်းမှတ်ထား'

ပေါ့ပေါ့ပါးပါး ခဲရောင် ချည်သား short pant ဒူးအထက်လေးကို slim fit T shirt အဖြူရောင်လေးတွဲဝတ်ထားပြီး ဆံပင်တို့ကို ကုပ်ကျော်ရုံလေး ပြန်ညှပ်ထားသော မျက်နှာချောချောနှင့် နုဖတ်နေသော တိုင်းမဟာကို မေ မုန်းတီးစွာပြန်ကြည့်လိုက်သည်။

'အဲ့ဒါနဲ့ပဲ ကျွန်မက ရှင့်လှောင့်ချိုင့်ထဲက ရွှေငှက်ငယ် လုပ်နေရမှာလား လွှတ်'

'Hey, gorgeous, what's going on?'

'None of your business! Get out!'

မေ့ ကို တိုင်းမဟာ နှောင့်ယှက်နေတယ်ထင်ပြီး Foreigner ၂ ယောက်က တိုင်းမဟာကို ရန်ပြုရန် အနီးကပ်လာခဲ့သည်။ တိုင်းမဟာ ပြောပြီး လေတစ်ချက်ချွန်လိုက်တော့ တိုင်းမဟာ၏ Bodyguard လေးယောက်ရောက်လာကာ ထို Foreigner ၂ ဦးမှာ တွန့်သွားပြီး ရှေ့ဆက်မတိုးရဲတော့ပါ။

'မင်းတို့ကပါ ဘာကြည့်တာလဲ'

Foreigner များထွက်သွားပြီးနောက် Bodyguard များက မေ့အလှကိုမြင်ကာ မတော်တဆငေးနေမိကြပါသည်။ တိုင်းမဟာ အသံကြားမှ ကမန်းကတန်းခေါင်းကို ငုံ့လိုက်ကြကာ...

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Donde viven las historias. Descúbrelo ahora