Part 29

2.4K 173 0
                                    

'Hello, CEO! ကျွန်မ သံသာချိုပါ'

'ကိုယ့်ကို ကိစ္စတစ်ခု စုံစမ်းပေးပါ သံသာချို..လုပ်ရမယ့်အပိုင်းကို သေချာသိဖို့ ရေးထားတဲ့ File က ကျွန်မ table ပေါ်မှာတင်ထားပြီးသား Don't spill the beans about that! It's top secret!'

'ဟုတ်ကဲ့ ကျွန်မ သဘောပေါက်ပါပြီ စိတ်ချပါ CEO'

မေ ဖုန်းချလိုက်ပြီး သက်ပြင်းမောကို ချလိုက်သည်။ သံသာချိုကို ယခုစုံစမ်းခိုင်းသောကိစ္စနှင့် ပတ်သက်ပြီး တခြားသူမသိစေရန် အထူးလျှို့ဝှက်ခိုင်းလိုက်သည်။ တိုင်းမဟာကို စိတ်ပူမိသော်လည်း ဘာမှမတတ်နိုင်သေးသော အခြေအနေမို့ စောင့်ကြည့်ရုံသာ တတ်နိုင်ပေသည်။

××××××××××××××××××××××××××

'အား...ကျွတ်...ကျွတ်'

'တိုင်း...တိုင်း သတိရပြီလား အရမ်းနာနေသေးလား'

ယူကီ...ထိပ် ကို အသာထူပေးရင်း စိုးရိမ်တကြီး မေးလိုက်သည်။ ဒဏ်ရာတွေက အရမ်းမနက်သော်လည်း အရေပြားပွန်းပဲ့ခြင်းက နာကျင်စွာခံစားရသည်ကို နားလည်သဖြင့် ဂရုစိုက်စွာ မေးလိုက်ခြင်းဖြစ်သည်။

'အင်း...အခုတော့ သက်သာပါတယ် စခိုက်မိတုန်းကတော့ အရမ်းနာတယ်'

ဆေးထည့်သည့် ကုတင်ပေါ်မှဆင်းကာ အဝတ်အစားတို့ကို ပြန်ဝတ်ရင်း ထိပ် ပြောလိုက်တော့...

'အနာသက်သာဆေး ထိုးထားပေးတယ် ပခုံး နဲ့ ခါးကတော့ ပိုနာနေမှာ ခြေထောက်နဲ့ပေါင်က အရမ်းမများဘူး ညကျတအားနာနေရင် analgesic (အကိုက်အခဲပျောက်ဆေး) ကို အစာလေးနဲ့ တွဲသောက်လိုက်ဦး လိမ်းဆေးလဲပေးလိုက်မယ် နင့်အဝတ်တွေက ထူလို့သာ ခံရတာ သက်သာသွားတာ မဟုတ်ရင် အတွင်းထဲအထိ ခိုက်မိမှာ ပြီးတော့ ဒီရက်ပိုင်း အနားယူပါဦး တိုင်း ရယ် Company အလုပ်ကတစ်ဖက်နဲ့ ရွှေသွန်းခတ် ကို ကြည့်ရတာနဲ့ ပင်ပန်းနေပြီမလား'

ယူကီက ထိပ် ကို အဝတ်ကူဝတ်ပေးရင်း ပြောလိုက်သည်။ သည်လူသားလေးသည် အပေါ်ယံက အေးတိအေးစက်နှင့် မာနကြီးသော်လည်း စိတ်ရင်းအရမ်းကောင်းပြီး ဖြူစင်ကာ အနစ်နာခံတတ်သည်ကို သူမ အသေအချာသိနေသည်မို့....

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Donde viven las historias. Descúbrelo ahora