Part 32

2.5K 164 0
                                    

'ထိပ်...ထိပ်...မေ့ကိုစောင့်ပါဦး'

​မေ့ ကို ကျောခိုင်းပြီး မြန်မြန်လျှောက်နေသော ထိပ် ကို မမီတော့၍ မေ အော်ပြောလိုက်သည်။

'ထိပ်...ထိပ်...ဆက်မသွားနဲ့လေ ရှေ့မှာ ချောက်..ချောက်ကြီး...အား'

'သမီး...သမီးလေး...မေ'

'မေ...သမီး...သတိထားပါဦး...သမီးရဲ့'

'ဟင်...ဒယ်ဒီ နဲ့ မာမီ...ဒီကိုဘယ်လိုရောက်နေ...ဒီနေရာက...'

'သမီးလေး မူးလဲသွားလို့ သံသာချိုက ဆေးခန်းခေါ်လာပေးတာ..တိုင်းမဟာ က ဘယ်ရောက်နေလဲ မသိဘူး ကိုယ့်ဇနီးတစ်ယောက်လုံး အခုလိုနေမကောင်းတာ ပေါ်မလာဘူးနော်'

'မေကြီးကလဲကွာ တိုင်းမဟာက ဒီလောက်အလုပ်များတာကို အပြစ်မပြောစမ်းပါနဲ့'

ဦးထူးဆက် ပြောလိုက်တော့ ဒေါ်မေဦးသူ ငြိမ်သွားပေမယ့် စိတ်ထဲမှာတော့ မကျေနပ်ပါ။ သူ့ဘာသာ ဘယ်လောက်အလုပ်များများ ဘယ်လောက်တော်တော် တရားဝင်လက်ထပ်ယူထားသော ဇနီး..သမီးလေး မေ့အပေါ်ကိုတော့ ကြင်နာစေချင်ပါသည်။ ကျေးဇူးရှင် ဟု ဆိုသော်လည်း အိမ်ထောင်ဖက်ဖြစ်နေပြီဆိုတော့ ကိုယ့်သမီးလေးကို ဂရုစိုက်ပေးစေချင်သည်။ ဒီသမီးလေးကို ရွှေလိုဥထားခဲ့ရသဖြင့် သားသမီးမျက်နှာညိုမှာ မမြင်ချင်တာ မိဘတိုင်းရဲ့ဆန္ဒမဟုတ်ပါလား။ တိုင်းမဟာနှင့် လက်ထပ်ပြီး သမီးလေး ပိန်ကျသွားသလို တွေ့မိတိုင်းလဲ မျက်နှာသိပ်မလန်းသဖြင့် ဒေါ်မေဦးသူ စိတ်ထဲမကောင်းလှပါ။ အခုလဲ သွေးပေါင်ကျပြီး အားနည်းနေသဖြင့် drip ချိတ်ထားခံရသည့် သမီးလေးကိုကြည့်ပြီး ဒေါ်မေဦးသူ ရင်ထဲမချိပေ။ ဦးထူးဆက်၏ 'သမီးအိမ်ထောင်ရေးကို ဝင်မပါနဲ့' ဟူသောစကားအခံသာမရှိလျှင် သမီးလေးနှင့်ပင် လိုက်နေချင်ပါသေးသည်။

'သမီး သက်သာပါတယ် မာမီရဲ့ စိတ်မပူပါနဲ့'

'သမီး အဆင်ပြေရဲ့လား အလုပ်တွေပိနေသလား'

'ပြေပါတယ် ဒယ်ဒီ...တိုင်းမဟာက အများကြီးကူညီပေးပါတယ်'

'ဒယ်ဒီ့သမီးလေးကို အပြည့်အဝယုံကြည်ပြီးသားပါ သမီးလုပ်သမျှ ကိစ္စရပ်တိုင်းကို ဒယ်ဒီ အားပေးပါတယ် သမီးလေးက ထက်မြက်တဲ့သူပဲလေ တစ်ခုပဲ သမီးမှာ stress များစရာတွေ ရှိနေရင်တော့ ဒယ်ဒီတို့ကို တိုင်ပင်ပါ တစ်ယောက်ထဲမဖြေရှင်းပါနဲ့ သမီး'

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Where stories live. Discover now