Special Part (Addition)

5.2K 248 10
                                        

'Darling...ဒါလေးဝတ်မလား ဟိုဘက်ကဟာလေး ကြိုက်လား'

'အချစ် ကောင်းမယ်ထင်တာယူလေ Darling က ဘာဖြစ်ဖြစ်ရပါတယ်'

'ဒီ ခရမ်းလေးယူလိုက်မယ် Darling နဲ့ အရမ်းကြည့်ကောင်းမှာ'

'Up to you'

ထိပ် နှင့် မေ US ကို Company ကိစ္စဖြင့်ရောက်နေစဥ် အချိန်အားတုန်းခဏ Shopping ထွက်ခြင်းဖြစ်သည်။

'Can I try this on?'

'Sure! The changing room is over there!'

'ထိပ်...လာခဲ့...မေ ဝတ်ပေးမယ်'

Staff ကို အဝတ်လဲခန်းမေးပြီး ထိပ် ကို မေ ခေါ်လိုက်သည်။

'Oh! That dress really suits you! So fashionable!'

အရောင်းဝန်ထမ်းလေးက မေ ရွေးထားပေးသည်က ထိပ် နှင့် လိုက်ဖက်လွန်း၍ ချီးကျူးလိုက်သည်။

'Ok! It fits perfectly! I'll take it! Where can I pay?'

'The cash till is over there, by the door!'

Boutique မှ ထွက်လာပြီးသည့်နောက်....

'ကိုယ်တို့ Hotel ကို ပြန်နားကြမလား ညပိုင်း ယူကီရဲ့ Party ကို သွားရဦးမှာဆိုတော့လေ'

'Ok! Darling, as you wish!'

Hotel သို့ရောက်သော်...

'အချိန်စောသေးတယ် Cocktail သောက်ကြမလား မေ'

'အင်း...ကောင်းသားပဲ ထိပ် စပ်ပေးတဲ့ Cocktail သောက်ချင်တယ်'

ထိပ်...မေ့အတွက် Cocktail စပ်ပေးလိုက်ပြီး...

'Cheers! Cheers!'

'ထိပ်...ထိပ်ပေါင်ပေါ် မေ ထိုင်ချင်လို့....'

ထိပ် ပြုံးလိုက်သည်။ ပြဿနာတွေ အေးချမ်းပြီးနောက် မေ က ထိပ်အပေါ် အရမ်းကိုချွဲနွဲ့တတ်သူလေး ဖြစ်လာခဲ့သည်။

'ဘာပြုံးတာလဲ...နော်လို့'

'လာ...'

ထိပ်...ပေါင်ပေါ်ထိုင်ပြီး မေ Cocktail ကိုမော့လိုက်ကာ ထိပ် နဖူးကိုငုံ့နမ်းလိုက်သည်။ ထို့နောက် ထလိုက်ပြီး ထိပ် လက်ကိုဆွဲကာ အိပ်ယာပေါ်သို့ ထိပ် ကို လှဲစေပြီး ထိပ် ရင်ခွင်ထဲဝင်ကာ ထိပ် ရင်ဘတ်ကို သူ့လက်ကလေးနှင့် ဖွဖွထိတို့ရင်း....

'Darling...Darling ကို ပြောစရာရှိတယ်'

'ဘာများလဲ အချစ်ရဲ့ ပြောလေ'

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Место, где живут истории. Откройте их для себя