'ဘာ...ဘာပြောလိုက်တယ် ချာတိတ်'
'မေထိုက်တန်နဲ့ သဘက်ခါ လက်ထပ်တော့မယ် လို့ ပြောတာပါ'
'ဟင်.. ဘာလို့လဲ....ဘာကြောင့်လဲ မင်းပဲ သူ့ကိုအရမ်းမုန်းနေတာ မဟုတ်ဘူးလား ဒါမှမဟုတ် သူ့ကို ဘယ်လိုမှကို စိတ်မနာနိုင်အောင် ချစ်နေသေးလို့လား အဲ့ဒီလောက်အထိကိုလုပ်ဖို့ လိုလို့လား'
'မေးခွန်းတွေများလိုက်တာ ယွန်းစံအိမ် ဒါက ကိုယ့်ကိစ္စပါ မင်းနဲ့မဆိုင်ပါဘူး ယွန်း...ကိုယ်ဆုံးဖြတ်လိုက်တဲ့ကိစ္စမှာ မင်းကကိုယ့်အစ်မလို ဖြစ်နေလို့ ဒီတိုင်း အသိပေးတဲ့သဘောပဲ မင်းဆီက ခွင့်ပြုချက်ယူဖို့ စိတ်ကူးမရှိဘူး'
'မင်း..မင်း..ရက်စက်လှချေလား ကိုယ် မင်းကို ဒီလောက်... ဒီလောက်တောင်...ပြီးတော့ မေထိုက်တန်က မင်းကိုသေအောင်လုပ်တဲ့သူထဲမှာ သူလဲပါနေတာကို မင်း သူ့ကို လိမ်ညာခဲ့တာသာသိရင် ခုလိုငြိမ်နေမှာတဲ့လား...'
'ကိုယ် ကျေးဇူးကန်းတာတော့မဟုတ်ဘူး မင်းကျေးဇူးကို သေချာမှတ်ထားတယ် ဒါပေမယ့် ဒါက ကိုယ့်ရဲ့ဆုံးဖြတ်ခွင့်ပါ ကိုယ့်ကိစ္စမှန်သမျှ ဘယ်သူ့ကိုမှ ဝင်ပါခွင့်မပေးနိုင်ဘူး ကိုယ့်ခြေလှမ်းကို ကိုယ့်ခြေထောက်နဲ့ပဲ လှမ်းမှာမို့ ဘယ်သူ့လက်မှ ကိုယ် အားမကိုးဘူး ကိုယ့်အသက်နဲ့ သူတပါးစိတ်လို ဘဝမျိုးကို ကိုယ်နောက်ထပ်အဖြစ်ခံတော့မှာမဟုတ်ဘူး'
ယွန်းစံအိမ် အံကိုတင်းတင်းကြိတ်ထားမိသည်။ သူမ မျှော်လင့်ကြီးစွာ စောင့်ဆိုင်းခဲ့ရသော တဖက်သတ်ချစ်ရသူက သူမ အမုန်းဆုံးသူနှင့် လက်ထပ်တော့မည်ဆိုတာ ဘယ်လောက်တောင်နာကျင်စရာ ကောင်းလိုက်ပါသနည်း။ ထိပ် ကို သူမ ကယ်တင်လာခဲ့သည်မှာ အကျိုးအမြတ်တစ်ခုအတွက်သာ မဟုတ်ပဲ သူမနှလုံးသားဆန္ဒအရသာဖြစ်ကြောင်း သူမသာအသိဆုံးဖြစ်လေသည်။ သို့သော် ထိပ် က ဆုံးဖြတ်ပြီးရင် ပြန်မပြင်တတ်တာလဲ သူမသိနေသည်မို့....
'ကောင်းပါပြီ မင်းဆုံးဖြတ်ချက်ကို ကိုယ်ဝင်မပါဘူး မင်းနဲ့ ကိုယ့်ရဲ့ဆက်ဆံရေးကို ဒီနေ့ပဲ အဆုံးသတ်ကြတာပေါ့ တိုင်းမဟာ'
'ကိုယ့်ကိုကယ်တင်ပေးခဲ့လို့ မင်းကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး ကိုယ့်ဘက်က မင်းကို အခုကျေးဇူးဆပ်ပါရစေပြောရင် ရိုင်းရာကျလိမ့်မယ် မင်းမှာ တစ်စုံတစ်ရာ အကူအညီလိုအပ်တဲ့အချိန်ကိုပြောပါ ကိုယ်အကောင်းဆုံး ကူညီပေးပါ့မယ်'
YOU ARE READING
"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)
Romanceပန်းခြံထဲက ပန်းကလေး လှပပွင့်ဖူးဖို့ ဥယျာဥ်မှူးဟာ ဆူးစူးလဲခံရဲတယ် မြေဆွေးကိုင်တဲ့လက်ကို သွေးစို့ရလဲဖြစ်တယ် အဓိက ပန်းပွင့်လေး လှပတင့်တယ်စွာ ရှင်သန်ဖို့ပဲ #ထိပ်ဦးတင် ပန်းတစ်ပွင့်လှပဖို့ ဥယျာဥ်မှူးက တာဝန်အရှိဆုံးသူပဲ ပန်းတကာထဲမှာ အလှပဆုံးဖြစ်အောင် ဥယျာ...