'ဟုတ်ကဲ့ ယွန်း..စိန်ရင်ထိုး ကြည့်ဖို့လာတာပါ အရင်တခေါက်က ဒီကဝယ်သွားတာလေး သဘောကျလို့ပါ'
'ဟင်း...ဟင်း ခုလိုကြားရတာ ဝမ်းသာမိပါတယ် ချာတိတ် လာလေ အပေါ်ထပ်မှာ ပစ္စည်းသစ်တွေ ထပ်ရောက်ထားတယ် မင်းကို တို့ကိုယ်တိုင်လိုက်ပြပေးမယ်'
ထိပ် အပေါ်ထပ်သို့ရောက်သော် အမျိုးအစားစုံလင်ပြီး အရည်အသွေးကောင်းလှသော ရတနာမျိုးစုံကို တွေ့ရပါသည်။ ထိုအထဲမှ design ဆန်းပြီး လှပပေါ်လွင်သော စိန်ရင်ထိုးလေးတစ်ခုကို ထိပ် က ရွေးလိုက်ပါသည်။
'ယွန်း...ထိပ် ဒါလေးယူမယ် ဘယ်လောက်လဲ'
'အင်း..မင်းက ကြည့်တတ်သားပဲ အငယ် ဒါကရှားပါးပြီး အရည်အသွေးကောင်းတဲ့စိန်နဲ့ လုပ်ထားတာ 95000 dollars ရှိတယ် မင်းကြိုက်ရင် စျေးလျှော့ပေးမယ်လေ'
'အာ..မဟုတ်တာပဲ သူ့စျေးအတိုင်းပဲ ဖြတ်လိုက်ပါ ဒါနဲ့ ယွန်းနဲ့ ဆွေးနွေးစရာရှိတယ် စကားနည်းနည်းပြောလို့ရမလား'
'Why not? မင်းက စကားပြောချင်တယ်ဆိုလို့ ကိုယ်ဝမ်းသာတယ် လာ ကိုယ့်ရုံးခန်းထဲလိုက်ခဲ့'
ယွန်းစံအိမ်၏ ရုံးခန်းထဲတွင်...
'ထိုင်ပါ ကော်ဖီသောက်ဦး ကဲ ပြောပါဦး အငယ်က ဘာများ ပြောစရာရှိတာလဲ'
'ဟုတ်ကဲ့ ယွန်း..ကိုယ်ပြောချင်တာက ယွန်းရဲ့ Jewellery တွေနဲ့ ဆိုင်က phone cover တွေကို design ထွင်ပြီး တင်မလို့ပါ အဲ့ဒါ...'
'အို...ကိုယ် သဘောပေါက်ပြီ မင်းက စီးပွားရေးအမြင်ထက်တာပဲ ရတာပေါ့ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ကူညီမယ်လေ ဘယ်တော့လောက် စချင်လဲ'
'ဖြစ်နိုင်ရင် မနက်ဖြန်ပဲ စလုပ်ချင်ပါတယ် ယွန်း စာချုပ်က အခုတစ်ခါတည်းချုပ်သွားလို့ ရနိုင်မလား'
'အငယ်ကလဲ သူစိမ်းကျနေတာပဲ ရပါတယ် မင်းအတွက်ဆို အမြဲ Ok ပါနော်'
စာချုပ်ကိစ္စများအပြီး ထိပ် ပြန်ဖို့ ထလိုက်သည်နှင့် ထိပ် ကျောဘက်ကို ယွန်းရဲ့လက်သွယ်သွယ်လေးက ဆွဲဖက်တာ ခံလိုက်ရသည်။ ထိပ် ရုတ်တရက်မို့ ကြောင်သွားစဥ်...
![](https://img.wattpad.com/cover/292044744-288-k275675.jpg)
ESTÁS LEYENDO
"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)
Romanceပန်းခြံထဲက ပန်းကလေး လှပပွင့်ဖူးဖို့ ဥယျာဥ်မှူးဟာ ဆူးစူးလဲခံရဲတယ် မြေဆွေးကိုင်တဲ့လက်ကို သွေးစို့ရလဲဖြစ်တယ် အဓိက ပန်းပွင့်လေး လှပတင့်တယ်စွာ ရှင်သန်ဖို့ပဲ #ထိပ်ဦးတင် ပန်းတစ်ပွင့်လှပဖို့ ဥယျာဥ်မှူးက တာဝန်အရှိဆုံးသူပဲ ပန်းတကာထဲမှာ အလှပဆုံးဖြစ်အောင် ဥယျာ...