Part 14

2.1K 172 0
                                    

သီးသန့်စားသောက်ဆိုင်အခန်းငယ်တစ်ခုတွင်....

'ဟေ့ကောင်ကြီး ဝဏ္ဏ ပျောက်နေပါလားကွ ဘာလဲ မေထိုက်တန်က kick out လုပ်လိုက်လို့ ငြိမ်သွားတာလားကွဟေ'

'ဟား..ဟား..ကျော်ဇင် မင်းက ငါ့ကို အထင်သေးလွန်းနေပြီပဲ အချိန်ကျလာရင် သိလာစေရမှာပေါ့ကွာ ခုတော့ မင်းပြောသမျှ ငါ ငြိမ်ခံဦးမယ် ငါ့အကြံတွေ အထမြောက်တဲ့တနေ့ မင်း ငါ့ကို appreciate လုပ်ရမယ်မှတ် ငါ့ကောင်'

'ဟ..မင်းက လျှို့ဝှက်လှချည်လား ငါ့ကိုတောင် မပြောနိုင်ဘူးပေါ့လေ'

'ကြိုသိနေရင် ဘယ်ရင်ခုန်စရာကောင်းမလဲကွ အခုဆိုရင် ငါ့အကြံက တော်တော်ခရီးပေါက်နေပြီ မင်း မကြာခင်သိလာရမှာပါကွ မကြာခင်မှာ မေထိုက်တန် ငါ့ကိုဒူးထောက်တောင်းပန်စေရမယ်'

'ဒါဆို ငါ စိတ်ချလိုက်ပြီ ဝဏ္ဏရေ cheers!'

'Cheers!'

.....................×.....................

'မေမေ ဒီမှာ ဘယ်သူပါလာလဲ ကြည့်'

'ဟယ်...သမီးကြီးလား အလုပ်တွေများနေလို့ မတွေ့တာတောင် ကြာပြီကွယ် ဟင်...သမီးလက်က ဘာဖြစ်တာလဲ ကလေးရယ် မထိတ်သာမလန့်သာရှိလိုက်တာ'

'ဘာမှမဖြစ်ပါဘူး မေမေရဲ့ ချော်လဲလို့ အရိုးအက်ရုံလေးပါ'

'ဟင်...သမီးကြီးရယ် ဂရုစိုက်ပါကွယ် မေမေတို့နဲ့ လာနေပါ့လား သမီး ခက်ခဲနေမှာပေါ့ကွယ်'

'အဲ့ဒါပြောတာပေါ့ မေမေ သူကိုက သူ့ချစ်သူအကောင်းစားကြီးကို မခွဲနိုင်မခွာရက်ဖြစ်နေတာ ခေါ်မနေနဲ့ မေမေ'

'ဟဲ့ သမီးငယ် သွန်းလေး ဘာလို့ အဲ့ဒီလို ကြမ်းကြမ်းတမ်းတမ်းတွေ ပြောတာလဲ ကိုယ့်အစ်မကို သမီးလေးနော် သိပ်မဆိုးနဲ့'

'မေ ကလဲ သမီးကိုပဲ ဆူနေတာ တော်ပြီ မေ နဲ့ မခေါ်တော့ဘူး'

ရွှေသွန်းခတ် ထိပ်ရဲ့လက်ကိုတွဲထားရာမှဖြုတ်ပြီး နှုတ်ခမ်းဆူကာ အိမ်ပေါ်သို့တက်သွားလေသည်။

'ဟဲ့..ဒီကောင်မလေးဟာလေ...'

'ဟဲ..ဟဲ...နေပါစေ မေမေရဲ့ သူကအမြဲဒီလိုပဲကို သွန်းလေးကိုမဆူပါနဲ့ '

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Onde histórias criam vida. Descubra agora