Part 4

2.4K 190 0
                                    

'မေမေ ဒီမှာ ဘယ်သူလာတာလဲ ကြည့်ပါဦး'

'ဟယ် သမီး ထိပ်ကလေး မမြင်တာကြာတော့ ငါ့သမီးက ပိုချောလာလိုက်တာ'

ထိပ် ပါးချိုင့်လေး ခွက်သွားအောင် ပြုံးလိုက်မိသည်။ မေမေ ဒေါ်သွန်းဒေဝီ နဲ့ ဖေဖေ ဦးလွင်နိုင် ကို မမြင်ရတာ ကြာနေပြီပဲ။

'မေ့ သမီးကိုလဲ ကြည့်ပါဦး မ လာရင် အဲ့ဒီလိုချည်းပဲ သမီးကို အရေးမစိုက်တော့ဘူး'

'အဟား သွန်းလေးက ကလေးမဟုတ်ပဲ အူတိုနေတယ်ဗျ'

'မ နော် အမြင်ကပ်စရာကြီး'

'ကဲပါ ၂ယောက်လုံးက မေမေ့သမီးပါပဲနော် ဒါနဲ့ပြောပါဦး ဆိုင်းမဆင့်ဗုံမဆင့် ထိပ်ကလေးက အိမ်လာလည်လို့ မေမေ အရမ်းဝမ်းသာတာပဲ သမီး တိုက်ခန်းပြောင်းနေကတည်းက လွမ်းနေရတာ သွန်းလေးကို မေး မေးနေတာ ခဏခဏပဲ'

'ဟုတ်တယ် မေမေ မတွေ့တာကြာလို့ သတိရတာနဲ့ လာလိုက်တာ ဖေဖေကော'

'သမီးဖေဖေ သူ့သူငယ်ချင်းတွေနဲ့ အပြင်ခဏသွားတယ် သူတို့အလုပ်ကိစ္စတွေ တိုင်ပင်ချင်တယ် ထင်ပါရဲ့ကွယ်'

ထိပ်မွေးစားမိဘများမှာ ထိပ်မိဘအရင်း ဦးထင်မင်းတင်+မေမေ ဒေါ်ထိပ်ထားဦး တို့နှင့် မိတ်ဆွေအရင်းအချာဖြစ်သလို စီးပွားရေးအကြံပေးလဲဖြစ်ကြသည်။ ထိပ်မိဘများက ထိပ် ကိုမွေးပြီး ၅လလောက်အကြာမှာ အလုပ်ကိစ္စနှင့် ခရီးသွားရင်း accident ဖြစ်ပြီး ဆုံးပါးသွားခဲ့ရာ ဦးလွင်နိုင်တို့ကပဲ ထိပ် ကို ကျွေးမွေးစောင့်ရှောက်ပေးခဲ့ရသည်။ ထိုအဖြစ်အပျက်တို့ကို မေမေဒေါ်သွန်းဒေဝီပြောပြလို့ ထိပ်သိခဲ့ရသည်။ ထိပ်က ငယ်လွန်း၍ မမှတ်မိခဲ့ပါ။ ဦးလွင်နိုင်ကလဲ ထိပ် အရွယ်ရောက်လာရင် မိဘအရင်းမဟုတ်မှန်းသိပြီး ခံစားရမည်စိုး၍ ထိပ် သိတတ်စအရွယ်မှစပြီး ဒီအကြောင်းတွေ သိစေခဲ့သည်။ ထိပ် မိဘများထားခဲ့သည့် အမွေပေါင်းများစွာကို ထိပ် အသက် ၂၀ မှာပဲ လွှဲပြောင်းပေးခဲ့ကြသည်။ အဲ့ဒီထဲကမှ ငွေအချို့ကို ဦးလွင်နိုင်တို့ အကြံပေးချက်အရ Company ကြီးတစ်ခုမှာ ရင်းနှီးမြှုပ်နှံထားပြီး ထိပ် က ကိုယ်ဝါသနာပါသော Mobile Master ကို ကိုယ်ပိုင်အရည်အချင်းဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Hikayelerin yaşadığı yer. Şimdi keşfedin