Part 34 (Final Part)

6.1K 219 9
                                    

ကြွေပြားတို့ဖြင့် ဆင်ယင်ထားသော အုတ်ဂူလေးတစ်ခုရှေ့တွင် အမျိုးသမီး ၂ ဦး မတ်တပ်ရပ်နေသည်။ အရပ်မြင့်မြင့် အသားဖြူဖြူ Style pant အကျပ်အရှည်ခဲရောင်နှင့် ချည်သား Shirt အပွလက်ရှည်အပြာနုရောင်ကို တွဲဖက်ဝတ်ဆင်ကာ ကျောလယ်ထိရှည်သောဆံနွယ်တို့ကို ဖြန့်ချထားသော ထိပ်ဦးတင်နှင့် လက်နှင့်ဂါဝန်အဖျားနားတွင် အတွန့်လေးများပါသော ဂါဝန်အတိုအကြပ်ပန်းရောင် ဝတ်ဆင်ထားသည့် ရွှေသွန်းခတ်ပင် ဖြစ်ပါသည်။

'မင်းမရှိတော့တာ ခြောက်လတောင် ကြာသွားပြီနော် မင်းကို မကာကွယ်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုခွင့်လွှတ်ပါ နောက်ဘဝတွေမှာ ပြန်ဆုံခဲ့ရင် ကိုယ့်ဘက်က ပြန်ပေးဆပ်ပါရစေ ဘဝဆက်တိုင်း အခုလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံပါစေနဲ့ လို့ ကိုယ် ဆုတောင်းလိုက်ပါတယ်'

ထိပ် ပြောနေရင်းမှ မျက်ဝန်းမှ ပုလဲဥတို့ ဝေ့ဝဲနေကြသည်။ သွန်း စိတ်မကောင်းစွာ သူမချစ်ရသော ထိပ် ရဲ့ လက်ကလေးကို သူ့လက်ဖြင့် ဆုပ်ကိုင်အားပေးလိုက်သည်။ မ ကို ပျော်ရွှင်စိတ်ချမ်းသာတာပဲ သူမ အလိုရှိပါသည်။ မပိုင်ဆိုင်ရသော်လည်း တွယ်တာမိသော ခိုင်မာသည့်သံယောဇဥ်က သွန်းနှလုံးသားကို အမြစ်တွယ်ကြီးထွားစေသည် မဟုတ်ပါလား။ မ ပျော်မည်ဆိုလျှင် သူမအချစ်တို့ကိုသာ ထာဝရသော့ခတ်ထားနိုင်သည်အထိ မ ကို သွန်း အရမ်းချစ်ပါသည်။ ထို့နောက် ထိပ် က အသင့်ကိုင်ဆောင်လာသော ပန်းစည်းလေးကို အုတ်ဂူလေးရှေ့ချလိုက်သည်။

'ကိုယ် သွားတော့မယ်နော်...မင်းကို ခဏခဏလာတွေ့မယ် မင်း အထီးမကျန်စေရပါဘူး'

ထိပ် နဲ့ သွန်း ပြန်လာခဲ့တော့ ညနေစောင်းပင် ရောက်ခဲ့ပြီ။ Driver မောင်းသောကားနောက်ခန်းတွင် ထိပ် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်ရင်း အုတ်ဂူလေးကို လည်ပြန်ကြည့်လိုက်သည်။ အုတ်ဂူလေးတွင် ရေးထိုးထားသည့် စာလေးက....

'မယွန်းစံအိမ်
အသက် ၂၈ နှစ်' နှင့် သူကွယ်လွန်သည့် နေ့စွဲလေးပင်တည်း။

ယွန်း ရဲ့ အုတ်ဂူလေးကိုမြင်တော့ သူနှင့်စတင်ဆုံဆည်းခဲ့ပုံ သူ့အသက်ကို ကယ်တင်ခဲ့ပုံ စသည်တို့ကို ထိပ် မြင်ယောင်နေမိသည်။ တကယ်ဆိုလျှင် ယွန်းစံအိမ်သည် ထိပ် အတွက် ကျေးဇူးရှင်မိန်းမကောင်းလေးသာဖြစ်သည်။ လွန်ခဲ့သောခြောက်လက အဖြစ်ဆိုးကြောင့် သွေးထွက်လွန်ကာ ယွန်း တိမ်းပါးခဲ့ရသည်။ ယွန်း၏နာရေးကို ဦးစည်သူဟိန်း ထောင်ပိုင်တို့၏ ခွင့်ပြုချက်ဖြင့် လာရောက်ပြီးသည့်နောက် ထိုနေ့တွင်ပင် ထောင်ထဲတွင် မိမိကိုယ်ကို အဆုံးစီရင်သွားသည်။ ဦးစည်သူဟိန်း၏ တပည့်များမှာ သူတို့၏မိုက်ပြစ်အတွက် ထောင်ဒဏ်နှစ်ရှည်လများ ကျခံလိုက်ရသည်။ ထိုအဖြစ်အပျက်တို့အတွက် ထိပ် သတိသံဝေဂရမိသည်။ အမုန်းအာဃာတ အငြိုးတို့ကြောင့် တန်ဖိုးရှိသောလူ့အသက်များ ဆုံးရှုံးခဲ့ရသည်။ သူကိုယ်တိုင်ပင် သေမင်းလက်မှ အကြိမ်ကြိမ် ပွတ်ကာသီကာ လွတ်မြောက်ခဲ့ပြီး သေကံမရောက် သက်မပျောက်ပဲ ရှင်သန်နေသည်မှာ ကံကောင်းလွန်းသည် မဟုတ်ပါလား။

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Место, где живут истории. Откройте их для себя