တီ..တီ..တီ..တီ
နှိုးစက်သံလေး အဆက်မပြတ်မြည်နေသည်ကို လက်ချောင်းသွယ်သွယ်လေးက ပိတ်လိုက်သည်။ ထိပ် သူ့ရင်ခွင်ထဲတွင် အဝတ်ဗလာနှင့် အိပ်ပျော်နေသော မေ့ ကို နှိုးဖို့ပြင်လိုက်သည်။ မေ အိပ်ပျော်နေချိန်ဆိုလျှင် အတ္တတွေ မာနတွေ မရှိတော့ပဲ ဖြူစင်အပြစ်ကင်းလှသည်။ ထိပ် က မေ့နဖူးလေးကို နမ်းလိုက်သည်။
'မေ ငါးနာရီထိုးပြီ ထတော့လေ ဒီနေ့ အရေးကြီးအစည်းအဝေးရှိတယ်ဆို ထတော့နော် ထိပ် က မေ စားဖို့ တစ်ခုခု သွားလုပ်လိုက်မယ် ထပြီးရေချိုးတော့ အဝတ်အစားထုတ်ထားပေးမယ် ဒီနေ့က ရှယ်ယာရှင်တွေနဲ့ အရေးကြီး meeting မှာ တွေ့မှာဆိုတော့ ဟိုတနေ့က USA ကနေ limited နဲ့မှာထားတဲ့ အင်္ကျီပန်းရောင်လေးနဲ့ style pant အဖြူရောင်လေး ဝတ်သွားလိုက်နော် မေ့အတွက် စိန်ရင်ထိုးလေးပါ ထုတ်ထားလိုက်မယ် ပြီးတော့ စိန်ကလစ်လေးလဲ ယူသွား ဆံပင်တွေဝဲကျလာရင် စိတ်ရှုပ်နေမှာစိုးလို့'
ထိပ် ပါးစပ်ကလဲ တတွတ်တွတ်ပြော ထဖို့လဲ ဟန်ပြင်လိုက်သည်။
'Darling အဘွားကြီးနဲ့ တူ တူလာပြီ ပွစိပွစိနဲ့ မေ မထချင်သေးဘူး ထိပ် ရင်ခွင်ထဲ အိပ်ချင်သေးတယ် ခဏလေး ခဏပါပဲနော် Darling နဲ့ အိပ်ရတာ ခဏလေးလိုပဲ မေ ဒီလိုလေး နေချင်သေးလို့ ခဏလေး မေ့ကို နေခွင့်ပေး ပွစိပွစိ မလုပ်နဲ့တော့'
မေ ပြောရင်း ထိပ် ကို ပိုပြီးတင်းကျပ်စွာ ဖက်တွယ်ထားလိုက်သည်။ ထိပ် ရင်ခုန်သံမြန်စွာဖြင့် မေ့နှုတ်ခမ်းလေးကို အနွေးဓာတ်လေးပေးလိုက်သည်။
'ဟုတ်ပြီလေ ဒါဆို ၁၀ မိနစ်ပဲနော်'
မေ့ဆီက အသံမထွက်လာတော့ပါ။ ထိပ် တခါတရံ laptop တစ်လုံးဖြင့် အလုပ်များစွာကို ညဥ့်နက်ထိ လုပ်ရသောမေ့ကို ကရုဏာသက်မိသည်။ ဖြစ်နိုင်ရင် သူ့အနားမှာပဲ မေ့ကို ဘာအလုပ်မှမလုပ်ပဲ နေစေချင်သည်။ သို့သော်လည်း အဲ့ဒီလိုနေ့ရက်မျိုးက အိပ်မက်သာသာပဲ ဆိုတာကိုလဲ သူ ကြိုသိနေပါသည်။
................×..............
မနက် ၄ နာရီခန့်...ကြီးမားခန့်ငြားသော ဟိုတယ်ကြီးတစ်ခုထဲတွင်ရှိသော အိပ်ခန်းတစ်ခုတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အဝတ်ဗလာဖြင့် အိပ်ပျော်နေသည်။ ထိုစဥ်...
YOU ARE READING
"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)
Romanceပန်းခြံထဲက ပန်းကလေး လှပပွင့်ဖူးဖို့ ဥယျာဥ်မှူးဟာ ဆူးစူးလဲခံရဲတယ် မြေဆွေးကိုင်တဲ့လက်ကို သွေးစို့ရလဲဖြစ်တယ် အဓိက ပန်းပွင့်လေး လှပတင့်တယ်စွာ ရှင်သန်ဖို့ပဲ #ထိပ်ဦးတင် ပန်းတစ်ပွင့်လှပဖို့ ဥယျာဥ်မှူးက တာဝန်အရှိဆုံးသူပဲ ပန်းတကာထဲမှာ အလှပဆုံးဖြစ်အောင် ဥယျာ...