Club ကိုရောက်တော့ ထိပ် အရက်တွေ တစ်ခွက်ပြီးတစ်ခွက် သောက်နေမိသည်။ မျက်လုံးထဲတွင် မေ့ ပုံရိပ်တွေကို မြင်ယောင်နေမိတော့ ခေါင်းကိုယမ်းလိုက်သည်။ သွန်းလေးပြောသောစကားတို့ကို ကြားယောင်ပြီး မေ့အပေါ် သူ လွန်မိသွားသလားဆိုတာ တွေးရင်း ထိပ် စိတ်ရှုပ်လာသည်။ ထပ်သောက်ရန် ခွက်ကိုကိုင်လိုက်စဥ် နူးညံ့ချောမွေ့သော လက်သွယ်သွယ်တစ်ခုက ထိပ် လက်ကိုအသာအုပ်မိုးလိုက်ပြီး....
'ဘာတွေဖြစ်နေလဲ ချာတိတ် ဘာတွေခံစားနေရတာလဲ အရမ်းမူးနေပြီမလား တော်လောက်ပြီ ထပ်မသောက်နဲ့တော့ အငယ်'
Club မှာ သီချင်းသံများဖြင့် ဆူညံနေ၍ ယွန်းစံအိမ်...ထိပ် နား..နားကပ်ကာ ပြောလိုက်သည်။
ထိပ်...ယွန်း လက်ကိုဖယ်ကာ အရက်ခွက်ကို မော့ချလိုက်သည်။ ထို့နောက် ဒယီးဒယိုင်ဖြင့် ထရပ်လိုက်တော့ လူကမဟန်နိုင်ပဲ ယိုင်သွား၍ ယွန်း ကမန်းကတမ်းထကာ ထိပ် ကို တွဲလိုက်သည်။
'မမယွန်း'
ယွန်းစံအိမ် Bodyguard များက စိတ်ပူကာ ပြေးလာကြသဖြင့်...
'သူ့ကိုကားထဲ ကူထည့်ပေး ပြန်ကြမယ် အိမ်ကိုပဲမောင်းတော့'
ကားထဲတွင် All black suit ဖြင့် သန့်ပြန့်ချောမွေ့နေသော ထိပ် မှာ သူ၏တောက်ပသော မျက်ဝန်းတို့ကိုမှိတ်ထားကာ ယွန်းစံအိမ်၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ လိုက်ပါနေပါသည်။
ယွန်း...ထိပ် ကိုပွေ့ထားရင်း ထိပ် မျက်နှာချောချောကို ငုံ့ကြည့်မိပါသည်။ အရက်သောက်များ၍ မျက်နှာနီမြန်းနေပြီး ငြိမ်သက်စွာ သူ့ရင်ခွင်တွင် ရှိနေသော ထိပ် ကိုမြင်၍ ယွန်း နှလုံးခုန်သံတွေ မြန်လာသည်။ သည်ကောင်မလေးကို စတင်ပတ်သက်ခဲ့စဥ်က ကိုယ့်အကြံနှင့်ကိုယ် ဆိုသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ့အပေါ် တဖြည်းဖြည်းငြိတွယ်လာမိသည်။ ဖြူစင်သောစိတ်ထားကောင်းနှင့်အတူ Smart ကျပြီးချောမောသော ထိပ် က တခါမျှ အချစ်နှင့်ထိတွေ့ခြင်းမရှိဖူးသော ယွန်း ၏နှလုံးသားကို နိုးထစေခဲ့သည်။ ထိပ် နှလုံးသားတွင်ပိုင်ရှင်ရှိသည် ဟု ယွန်း သိထားသော်လည်း တားဆီးမရသောအချစ်စိတ်တို့က အရှိန်အဟုန်ကောင်းစွာ ယိုဖိတ်နေခဲ့သည်။ တကယ်ပါ ချာတိတ်...ကိုယ် မင်းကို နက်နက်ရှိုင်းရှိုင်း စူးစူးနစ်နစ်ကို ချစ်မိခဲ့တာမို့....
![](https://img.wattpad.com/cover/292044744-288-k275675.jpg)
YOU ARE READING
"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)
Romanceပန်းခြံထဲက ပန်းကလေး လှပပွင့်ဖူးဖို့ ဥယျာဥ်မှူးဟာ ဆူးစူးလဲခံရဲတယ် မြေဆွေးကိုင်တဲ့လက်ကို သွေးစို့ရလဲဖြစ်တယ် အဓိက ပန်းပွင့်လေး လှပတင့်တယ်စွာ ရှင်သန်ဖို့ပဲ #ထိပ်ဦးတင် ပန်းတစ်ပွင့်လှပဖို့ ဥယျာဥ်မှူးက တာဝန်အရှိဆုံးသူပဲ ပန်းတကာထဲမှာ အလှပဆုံးဖြစ်အောင် ဥယျာ...