Part 10

2.3K 182 0
                                    

ထိပ် ဆိုင်ခွဲဘက်တွေ သွားစရာရှိသဖြင့် ကားအနီလေးကို ကိုယ်တိုင်မောင်းလာခဲ့သည်။ အခုတလော မေ စိတ်ကြည်နေပါသဖြင့် ထိပ် လဲ ပျော်ရွှင်နေရပါသည်။ ဘာလိုလိုနှင့် မနက်ဖြန်ဆိုလျှင် မေ နဲ့ ချစ်သူသက်တမ်း ၅ နှစ်ပြည့်တော့မည်ဖြစ်ပါ၍ လက်ဆောင်ဘာပေးရင်ကောင်းမလဲ တွေးရင်း ကားကို ဖြည်းဖြည်းပဲမောင်းလာခဲ့ပါသည်။ လူရှင်းသည့်နေရာဖြစ်၍လဲ အေးချမ်းတိတ်ဆိတ်သလို ခံစားရပါသည်။

'ဒုတ်...ဟာ..'

ထိပ် ရှေ့ကိုငိုက်ခနဲဖြစ်သွားပြီး နဖူးနှင့် steering wheel နှင့် အရှိန်ပြင်းစွာ တိုက်မိသွားသည်။ မျက်ခုံးနားနာသွားပြီး ခေါင်းလဲတော်တော်မူးသွားသည့် ထိပ် မှာ ရုတ်တရက် ဘာဖြစ်သွားမှန်း မသိလိုက်ပဲ ကားကို ဘေးချရပ်လိုက်ပါသည်။ seat belt ကို ချွတ်လိုက်ပြီး ခဏနားနေစဥ်...

'ဒေါက်...ဒေါက်...ဒေါက်'

ကားမှန်ခေါက်သံကြားသဖြင့် မှန်ချလိုက်သည့်အခါ အသားဖြူနုနု ဆံပင်ရှည်ရှည် တန်ဖိုးကြီးမျက်မှန်တပ်ထားကာ ဦးထုပ်အနက်လေးဆောင်းထားပြီး နှုတ်ခမ်းနီရဲရဲဆိုးထားသော မျက်နှာလှလှလေးတစ်ခုကို တွေ့လိုက်ရသည်။

'ဟေ့...ကလေး...မင်း ဘာဖြစ်သွားသေးလဲ...ကိုယ် မင်းကားကို နောက်က ဝင်ဆောင့်မိတာ အဆင်ပြေလား'

'အဆင်ပြေတဲ့ပုံစံပေါက်နေလို့လား'

ထိပ် စိတ်တိုတိုနဲ့ပြောရင်း သူ့ကို လှည့်ကြည့်လိုက်တော့...

'ဆောရီးပါနော် ကိုယ်တမင်လုပ်တာ မဟုတ်ပါဘူး ဟယ် မင်း မျက်ခုံးနားလေးကွဲသွားတာပဲ အမလေး သွေးတွေစီးလာပြီ ကိုယ်...ကိုယ်က...'

ခက်ပြီ။ သူကပဲ နောက်ကနေ ဝင်တိုက်သည်။ ထိပ် က ခံရတဲ့သူ အခုကျ ရင်ဘတ်လေးဖိကာ လန့်နေတာကသူ။ ထိပ် ညာဘက်မျက်ခုံးတော်တော်နာသွားပေမယ့် ရာသီဥတုပူတော့ သွေးထွက်မြန်တာဖြစ်မည်။ ထိပ် ကားရဲ့အံလေးထဲမှ Wet tissue လေးကိုထုတ်ကာ မျက်ခုံးကစီးကျလာသောသွေးကိုသုတ်၍ မျက်ခုံးကို သွေးတိတ်အောင်ဖိထားလိုက်သည်။ ထို့နောက် ကားထဲမှထွက်၍...

'ခင်ဗျားက ကျွန်တော့်ကားကိုလဲ ဝင်တိုက်သေးတယ် ဘာမှမပြောရသေးပဲ လန့်နေပြီ ခုကျ ဆေးခန်းသွားရမှာ ခင်ဗျားလား ကျုပ်လား မသိတော့ဘူး'

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ