'မေ မူးနေပြီလား လာ ထိုင်ရအောင်နော် ထိုင်ရင်းပြောမယ်လေနော်'
'ထိပ်..အခုပြောနေတာ ထိပ် လား'
'ဟုတ်ပါတယ် မေ မေ့ကိုအရမ်းချစ်တဲ့ ထိပ် ပါ'
'ထိပ် ဆိုရင် မေ့ကို အကြာကြီးပစ်မထားပါဘူး အခုမေ့ရှေ့မှာရပ်နေတာ ထိပ် တကယ်ပဲ ဟုတ်ရဲ့လား မေ စောင့်နေတာလေ အကြာကြီးပဲ သိလား ထိပ် က အရမ်းနေနိုင်တာပဲ မေ စောင့်နေရတာ ကမ္ဘာလုံးလောက်ရှိနေပြီ သိရဲ့လား'
မေ ပြောရင် ထိပ် ရင်ခွင်ထဲသို့ ယိုင်ကျလာသည်။ ထိပ် ရင်ခွင်ထဲတွင် ထိပ်ကိုတင်းကြပ်စွာ ဖက်တွယ်ထားရင်း ထိပ်ရဲ့ပခုံးတွေကို ထုရိုက်ပြီးစကားပြောနေသောမေ့ကို ကြည့်ပြီး ထိပ် ရယ်ချင်မိသလို ကရုဏာလဲသက်မိသည်။ မေ မူးနေချိန်မို့သာ ခုလိုတွေကြားခွင့်ရှိတာမို့ ထိပ် အသာလေးပဲ ငြိမ်နေလိုက်ပါသည်။ မာနတွေကင်းစင်နေချိန်ဆိုရင် မေ က ကလေးလေးတစ်ယောက်လိုပဲ ထိပ် အပေါ်ဆိုးနွဲ့နေတတ်သည်။ ထိပ် ကလဲ ဘာသားနဲ့ထုထားတာမို့လဲ မေ ခုလိုပြောနေတော့ မကျေနပ်တာတွေ အရည်ပျော်ရသည်ပေါ့လေ။ ထိပ် မေ့ကိုထိန်းပြီး ဆိုဖာခုံပေါ် ထိုင်စေလိုက်သည်။ မေ ပြောနေရင်း ဝိုင်ခွက်ကိုလှမ်းလိုက်တော့ ထိပ် ဆွဲယူထားလိုက်သည်။
'တော်ပြီလေ မေ ထပ်မသောက်နဲ့တော့နော် ခုတောင်မူးနေပြီမလား နောက်ဆိုရင် တစ်ယောက်ထဲမသောက်နဲ့နော်'
'တော်ပါ ခုမှ ဆရာကြီးလာမလုပ်ပါနဲ့ မေ ဘာဖြစ်ဖြစ်ပစ်ထားပြီးတော့များ ဘာမှမပြောနဲ့ မေ ဒီနေ့ည တစ်ညလုံးဒီမှာနေပြီး သောက်မှာ မေ့ကိုပြန်ပေး'
'ဒေါက်...ဒေါက်...'
'မေ ခဏမှီနေဦးနော် ထိပ် မှာထားတာ သွားယူဦးမယ်'
'ဘယ်လိုလဲဟေ့ ထိပ် မေ မူးပြီးရစ်နေပြန်ပြီလား'
'ဟာ..အစ်ကို ကိုယ်တိုင်လာပို့တာလား အားနာလိုက်တာ'
'ရတယ် အောက်ထပ်မှာ မင်းအစ်မရှိတယ် ၉နာရီကျော်ပြီဆိုတော့ ဧည့်သည်တွေလဲ မရှိတော့ဘူးလေ အားမနာနဲ့ သူဒီနေ့ အစောကြီးလာသောက်နေတာ အဆင်ပြေပြေနေကြပါကွ ငါ မင်းဆီကို ဖုန်းဆက်တော့မလို့ပဲ မင်းလာတာနဲ့အတော်ဖြစ်သွားတာ ကောင်မလေးက မာနကြီးပေမယ့် မင်းကိုတော့ အတော်ချစ်ရှာပါတယ်ကွာ အေး..အေး ငါ သွားလိုက်ဦးမယ် လိုတာရှိရင် alarm နှိပ်လိုက်ကွာ'
VOCÊ ESTÁ LENDO
"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)
Romanceပန်းခြံထဲက ပန်းကလေး လှပပွင့်ဖူးဖို့ ဥယျာဥ်မှူးဟာ ဆူးစူးလဲခံရဲတယ် မြေဆွေးကိုင်တဲ့လက်ကို သွေးစို့ရလဲဖြစ်တယ် အဓိက ပန်းပွင့်လေး လှပတင့်တယ်စွာ ရှင်သန်ဖို့ပဲ #ထိပ်ဦးတင် ပန်းတစ်ပွင့်လှပဖို့ ဥယျာဥ်မှူးက တာဝန်အရှိဆုံးသူပဲ ပန်းတကာထဲမှာ အလှပဆုံးဖြစ်အောင် ဥယျာ...