'ဟော သမီးလေး ရောက်ပြီလား သမီးဒယ်ဒီဆီက ကြားပြီးပြီ သမီးအတွက် မာမီ ဂုဏ်ယူလိုက်တာ သွား သွား သမီး အပေါ်ထပ်က စာဖတ်ခန်းမှာ သမီးဒယ်ဒီစောင့်နေတယ် စကားပြောပြီးရင် ဆင်းခဲ့ကြ မာမီ သမီးတို့ ညစာစားဖို့ ပြင်ထားလိုက်မယ်'
မေ အိမ်သို့ရောက်သည်နှင့် မာမီက အပြုံးနှင့်ကြိုဆိုကာ ဆီးပြောလိုက်သည်။
'ဟုတ်ကဲ့ မာမီ'
ဒေါက်..ဒေါက်..
'မေ လား ဝင်လာခဲ့ သမီး'
'လာ ထိုင်ပါဦး သမီးစိတ်ထဲမှာ ဒယ်ဒီ့အတွက် မေးခွန်းတွေများနေမယ်ထင်တယ် ဒယ်ဒီလဲ သမီးကို ပြောပြစရာတွေရှိပါတယ်'
'ဟုတ်တယ် ဒယ်ဒီ မေ တော့ နားမလည်ဘူး ဒယ်ဒီက ဘာလို့ မေ့ကို CEO အဖြစ်လွှဲမှာလဲ ပြီးတော့ ရှယ်ယာကိစ္စလဲ မေ သိချင်ပါတယ်'
ဦးထူးဆက် အံဆွဲထဲမှ ဓာတ်ပုံလေးတစ်ပုံထုတ်လိုက်ပြီး မေ့အရှေ့ကို ချပေးလိုက်သည်။ မေ သေချာစွာ စူးစိုက်ကြည့်လိုက်တော့ ပုံထဲတွင် အနောက်တိုင်းဝတ်စုံသပ်ရပ်စွာ ဝတ်ဆင်ထားသော ဥပဓိရုပ်ချောမောခန့်ငြားသော အမျိုးသားတစ်ဦးနှင့် မြန်မာရိုးရာဝတ်စုံလေးကို လုံခြုံသေသပ်စွာ ဝတ်ဆင်ထားသော အလွန်ချောမောလှပသည့် အမျိုးသမီးတစ်ဦးကို ယှဥ်လျက်ရိုက်ထားတာ တွေ့လိုက်ရသည်။ အမျိုးသားက အမျိုးသမီးကို ငုံ့ကြည့်နေပုံမှာ အလွန်ချစ်မြတ်နိုးမှန်း သိသာစေသည်။ မေ့စိတ်ထဲတွင် သူတို့ကို ရင်းနှီးသလို မရင်းနှီးသလို ခံစားနေရသည်။ ဓာတ်ပုံမှာ ကြာမြင့်နေပြီဖြစ်သော်လည်း ပြန်ပြုပြင်ထားသဖြင့် ပီပြင်ရှင်းလင်းစွာ မြင်ရသည်။
'ဒယ်ဒီ ဒါက...'
'သမီး မမွေးခင်က ဒယ်ဒီတို့မှာ ဒီ "Winner May" company ရယ်လို့ မရှိသေးဘူး ဒယ်ဒီကော သမီးမာမီကော မိဘဘက်က ချမ်းသာပေမယ့် မိဘလုပ်တဲ့စီးပွားရေးကို စိတ်မဝင်စားဘူး ကိုယ်ပိုင် company ထောင်ပြီး လုပ်ချင်ခဲ့တာလေ အဲ့ဒီတုန်းက အခုလို တိုးတက်ဖွံ့ဖြိုးမှု မရှိသေးတော့ ရင်းနှီးမြှပ်နှံမှုကလဲ အမြတ်ရဖို့ဝေးလို့ အရင်းထဲကမပါအောင်ပဲ ကြိုးစားနေခဲ့ရတာ စီးပွားရေးကို ကောင်းကောင်း မလုပ်တတ်သေးဘူး အဲ့ဒီတော့ အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ် ပထမဆုံး company ထောင်တော့ မကျွမ်းကျင်ပဲလုပ်လိုက်တာ လူလိမ်ခံရပြီး ရှိသမျှအကုန်ရောင်းရမယ့်အပြင် အိမ်ပါပေါင်ဖို့ အခြေအနေထိ ဖြစ်ခဲ့တယ် အဲ့ဒီအချိန်မှာ တစ်အိမ်သားလုံး စိတ်ဆင်းရဲဒုက္ခရောက်ရတယ်လေ အဲ့ဒီလိုနဲ့ တနေ့ကျ ဒယ်ဒီတို့နဲ့ စီးပွားဖက်သူဌေးတစ်ယောက်က ဒယ်ဒီတို့ရဲ့ အကြောင်းကိုကြားပြီး အိမ်လာတွေ့တယ် သူက အရင်ကတည်းက မျိုးရိုးစဥ်ဆက်ချမ်းသာပြီး စီးပွားရေးလဲ ကျွမ်းကျင်တယ် ဒီလိုနဲ့ ဒယ်ဒီကြိုးစားတာတွေ စိတ်ထားကောင်းတာတွေကိုသိပြီး သူကူညီချင်တယ်လို့ ပြောခဲ့တာ အဲ့ဒီသူဌေးက Mr.Breck Fortte ရဲ့ ဖခင်ပဲ သမီးလေး ဒါကြောင့်ပဲ ရှယ်ယာတွေက သူအများဆုံးဖြစ်နေတာ ဒယ်ဒီ့ကို company CEO အဖြစ်ထားပေးတာကို ကျေးဇူးတင်ရမှာ တကယ်လို့သာ သူယူချင်ရင် company ကို သူ့လက်အောက်ရောက်အောင်လုပ်လို့ ရတယ် သမီးကိုလဲ သူ သဘောကျလို့ ရာထူးကိစ္စကို ဘာမှမပြောတာပေါ့'
ВЫ ЧИТАЕТЕ
"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)
Любовные романыပန်းခြံထဲက ပန်းကလေး လှပပွင့်ဖူးဖို့ ဥယျာဥ်မှူးဟာ ဆူးစူးလဲခံရဲတယ် မြေဆွေးကိုင်တဲ့လက်ကို သွေးစို့ရလဲဖြစ်တယ် အဓိက ပန်းပွင့်လေး လှပတင့်တယ်စွာ ရှင်သန်ဖို့ပဲ #ထိပ်ဦးတင် ပန်းတစ်ပွင့်လှပဖို့ ဥယျာဥ်မှူးက တာဝန်အရှိဆုံးသူပဲ ပန်းတကာထဲမှာ အလှပဆုံးဖြစ်အောင် ဥယျာ...