Part 22

2.2K 177 3
                                    

လွန်ခဲ့သော ၂ နှစ်ခန့်က...

'ဝတ်ရည်...'

'အစ်မစုလွင်...မမ လေ..'

'ကိုယ်တို့ အခြေအနေ အားလုံးကိုသိတယ် အရေးကြီးတာပဲပြောရအောင် ထိပ် က အခု အခြေအနေဘယ်လိုတဲ့လဲ'

'ခွဲစိတ်ခန်းထဲက ထွက်မလာသေးဘူး အစ်မ က ဘယ်သူ...'

'ကိုယ်က ယွန်းစံအိမ်...ထိပ် က ကိုယ့်ရဲ့ VIP Person တကယ်ဆိုရင် ထိပ် ကို ဒီထက်ကောင်းတဲ့ဆေးရုံမှာ ထားရမှာ ခုတော့ရှိပါစေတော့လေ မင်း ပြန်နားရင်နားလိုက်တော့ ကိုယ်တို့ဆက်စောင့်လိုက်မယ်'

'ဟို..မမ..'

'စိတ်မပူပါနဲ့ မင်းကို ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်မှာပါ'

'အဲ့ဒီလိုမဟုတ်ပါဘူးရှင် မမ က ကျွန်မတို့မိသားစုရဲ့ကျေးဇူးရှင်ပါ ဒါကြောင့် ဘာမှလဲမမျှော်လင့်ပါဘူး ဟို..မမကို စိတ်ပူလို့ ကျွန်မ ဆက်စောင့်နေလို့ ရမလားလို့ ပြောမလို့ပါ ဆရာဝန် ရှင်းပြထားတာက...

'ကျစ်..ဘာတွေလဲ..ရှုပ်လိုက်တာ...စုလွင်'

'ညီမလေး ဝတ်ရည်...ပြန်ပြီးနားလိုက်ပါ ပင်ပန်းနေတာကို တစ်ခုခုဆိုရင် ပြောမယ်လေ နော် အခုက အစ်မတို့ရောက်နေပြီမို့ မမ ကို စိတ်မပူနဲ့နော် အခြေအနေကို အစ်မ ဖုန်းဆက်ပေးမယ်နော် မယွန်းစံအိမ်က မမအတွက်စိုးရိမ်လို့ ပြောတာပါ စိတ်ထဲဘယ်လိုမှသဘောမထားပါနဲ့နော် ညီမလေး'

မစုလွင်ကပါ ပြောလာသည်မို့ ဝတ်ရည် စိတ်ထဲမကောင်းပေမယ့် နှုတ်ဆက်စကားဆိုကာ ပြန်ခဲ့လိုက်ပါသည်။ ယွန်းစံအိမ်ဆိုသည့် တစ်ယောက်မှာလဲ သူ့ကို အလိုမကျပုံပေါ်နေ၍ ဆက်စောင့်နေရင် အခြေအနေ ပိုဆိုးမည်ထင်သည်လေ။

....................................................

'မင်းကဘယ်သူလဲ ဘာကြောင့် ငါနဲ့တွေ့ချင်တာလဲ'

'ကျွန်မက ယွန်းစံအိမ်ပါ ထိပ်ရဲ့မိတ်ဆွေရင်းတစ်ယောက်ပါ'

'သမီးကြီးအကြောင်း ကြားပြီးပြီမလား စုံစမ်းချင်တယ်ဆိုရင်တော့ ဘာမှပြောပြမှာမဟုတ်ဘူး မိသားစုကို အားမနာပဲ သတင်းသိချင်တဲ့သူတွေကိုလဲ စိတ်ပျက်လှပြီ ဆိုတာတော့ ကြိုပြောထားမယ်'

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Donde viven las historias. Descúbrelo ahora