သီးသန့်ဂျပန်ရိုးရာစားသောက်ခန်း တစ်ခုအတွင်းဝယ်...
'Cheers, ကိုစည်သူ နဲ့ မယွန်းစံအိမ်'
'Cheers! Cheers!'
'ကဲ ကျနော်တို့ရဲ့ မဟာအခွင့်အရေးကတော့ မမျှော်လင့်ပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီပဲ ကိုစည်သူ...မယွန်းစံအိမ်ရဲ့ ထက်မြက်မှုနဲ့ နေရာယူတတ်ပုံကတော့ တကယ်ချီးကျူးလောက်ပါတယ်ဗျာ'
'ဟင်း...ဟင်း..ဦးထိုက်စိုး ရဲ့ အကြံအစည်သာ မပါခဲ့ရင် ကျွန်မနဲ့ဦးဦးအတွက် အခုလို ဘယ်မှာအဆင်ပြေပါ့မလဲရှင်'
'ဟုတ်တယ်ဗျ ကိုထိုက်စိုးရ ကျနော်တို့ မေထိုက်တန်ကို အပြိုင်တိုက်ဖို့ဆိုတာ ကိုထိုက်စိုးရဲ့ တန်ဖိုးရှိလှတဲ့ အကြံဥာဏ်က အဓိကပါဗျာ'
'ထားပါတော့ဗျာ အားလုံးက ပူးပေါင်းဆောင်ရွက်လို့ ခုလို ခြေလှမ်းကျဲကျဲနဲ့ မြန်မြန်ခရီးရောက်တာပါပဲဗျာ ဒါနဲ့ ကျနော် မယွန်းစံအိမ်ကို တစ်ခုမေးချင်တယ်ဗျ'
'ဟုတ်ကဲ့ ပြောပါ ဦးထိုက်စိုး'
'CEO ရဲ့ အိမ်ထောင်ဖက် တိုင်းမဟာကို ဘယ်လိုမြင်သလဲဗျ အခု ကျနော် မြင်ရသလောက်တော့ CEO အခက်ကြုံနေပေမယ့်လဲ တိုင်းမဟာက ခုထိ Company မှာ ပေါ်မလာသေးဘူးနော် တကယ်ဆိုရင် သူ့ဘက်က အကာအကွယ် ပေးသင့်တယ်မလားဗျ'
'သူ့စိတ်ကို ကျွန်မလဲ သေချာတော့နားမလည်ဘူး တည်ငြိမ်နေတဲ့ ရေပြင်က အနက်ဘယ်လောက်ရှိမလဲ ခန့်မှန်းမရသလို တိုင်းမဟာကလဲ လျှို့ဝှက်တဲ့သူပဲ ဒါပေမယ့် တစ်ခုရှိတာက သူတို့ ၂ ယောက်ဆက်ဆံရေးက အရမ်းကြီးတော့ အဆင်မပြေဘူး ဦးထိုက်စိုးက ဘယ်လိုစိတ်ကူးထားလို့လဲ'
'တိုင်းမဟာ လို ထက်မြက်ပြီးပြည့်စုံတဲ့သူသာ ကျနော်တို့ဘက်ပါမယ်ဆိုရင် မြန်မြန်ပွဲသိမ်းမှာပဲ လို့ တွေးမိလို့ပါဗျာ'
'ဟုတ်သားပဲ ယွန်း သမီးတို့ ၂ ယောက်က သံယောဇဥ်ရှိကြတယ်မလား ကြိုးစားမကြည့်ချင်ဘူးလား'
'ဒီကိစ္စက ပေါ့ဆလို့မရဘူး ပြီးတော့ သူတို့က လက်ထပ်ပြီးသားဖြစ်နေတယ် Company ကလဲ ၂ ဦး ပိုင်သလို ဖြစ်နေတော့ တိုင်းမဟာကို သူများလိုတော့ လွယ်လွယ်ချဥ်းကပ်ရမယ် မထင်ဘူး ဦးဦး'
![](https://img.wattpad.com/cover/292044744-288-k275675.jpg)
YOU ARE READING
"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)
Romanceပန်းခြံထဲက ပန်းကလေး လှပပွင့်ဖူးဖို့ ဥယျာဥ်မှူးဟာ ဆူးစူးလဲခံရဲတယ် မြေဆွေးကိုင်တဲ့လက်ကို သွေးစို့ရလဲဖြစ်တယ် အဓိက ပန်းပွင့်လေး လှပတင့်တယ်စွာ ရှင်သန်ဖို့ပဲ #ထိပ်ဦးတင် ပန်းတစ်ပွင့်လှပဖို့ ဥယျာဥ်မှူးက တာဝန်အရှိဆုံးသူပဲ ပန်းတကာထဲမှာ အလှပဆုံးဖြစ်အောင် ဥယျာ...