Part 3

2.7K 199 0
                                    

'ငါ ဒေါသအရမ်းထွက်တယ် ကျော်ဇင်'

'အေးပါကွာ အေးဆေးပေါ့ ဘာဖြစ်လာတာလဲ ပြောစမ်းပါဦး မင်းကလဲ ထစ်ခနဲရှိ စိတ်တိုဖို့ပဲ မင်း father ကြီးက နားပူပြန်ပြီလားကွ'

'အင်း အဲ့ဒါလဲပါတယ် ပြီးတော့ မေထိုက်တန် ဆိုတဲ့ မိန်းမက သူ့ကိုယ်သူ ဘာထင်နေလဲ မသိဘူး ငါ့ကို မတူသလိုမတန်သလိုနဲ့ ရုပ်လေးချောပြီး အလုပ်မှာတော်တာနဲ့ပဲ မောက်မာနေတာ ပြီးတော့ ဟို ထိပ်ဦးတင် ဆိုတဲ့ ဟာမလေးနဲ့ပဲ တပူးတွဲတွဲ အတူနေကြတာ ငါ့ကိုရှိတယ်တောင် မထင်ဘူး ဒယ်ဒီက ငါ့ကို သူနဲ့ ယူစေချင်တာ ငါလဲ အစကတော့ သူ့ကို အရမ်းချောလို့ စိတ်ဝင်စားတယ် အခုကျ သင်းက ငါ့ကို ယောကျ်ားလို့တောင် မသတ်မှတ်ဘူး တနေ့တော့ ငါ့အကြောင်း ကောင်းကောင်း သိစေရမယ်'

'ဪ ဘာများလဲလို့ကွာ မင်းကလဲ မိန်းမဆိုတာ မိန်းမပါပဲ သူက မင်းကို အပြတ်ငြင်းလို့လား မင်းကကော ဖွင့်ပြောပြီးပြီလား သူက မင်း အရင်က တွဲနေတဲ့ မိန်းကလေးတွေလိုတော့ မဟုတ်ဘူးနော် ဝဏ္ဏဟိန်း'

'ငါ သူ့ကို အရင်မိန်းကလေးတွေလိုပဲမှတ်ပြီး လျှော့တွက်ထားတာ ဖွင့်တော့မပြောရသေးဘူး သူ့မိဘတွေကတော့ ငါ့ကိုသိပ်သဘောကျတာကွ သူကသာ လက်ခံရင် အေးဆေးပဲ'

'မင်း company ကကော အခြေအနေ ဘယ်လိုလဲ သူနဲ့က ဘယ်လိုပတ်သက်နေတာလဲ'

'ငါတို့ company က product တွေကို သူတို့ company က တစ်ဆင့်ဖြန့်တာ ငါတို့က ကုန်ထုတ်တာပေါ့ကွာ သူတို့က အဓိက ဝယ်ပြီးဖြန့်တာ သူတို့ product အသစ်ထုတ်ရင်လဲ ငါတို့က ယူပြီးဖြန့်ပေးတယ် အပြန်အလှန်ပေါ့ကွာ သူက ငါ့ကို အလုပ်သဘောကလွဲပြီး မပတ်သက်တော့ ခံရခက်နေတာကွ'

'ဒါများကွာ မိန်းမဆိုတာ အလုပ်ကြိုးစားမှ ကြိုက်တာကို မင်းကကြိုးစားပြလိုက်ပေါ့ မနက်ဖြန်ကစပြီး မင်းအချိုးတွေပြောင်းလိုက် အခုလိုသောက်သောက်စားစားမနေနဲ့ ကောင်မလေးတွေနဲ့လဲ ကင်းအောင်နေပြ အလုပ်ကြိုးစားပြလိုက် ပြီးရင် အလုပ်အကြောင်းပြပြီး သူ့ကို အပြင်ခဏခဏတွေ့ ပေး သူလိုအပ်မယ် ကြိုက်မယ်ထင်တာတွေ သူမယူလဲ အတင်းပေးကွာ မိန်းမတွေဆိုတာ ဒီလိုလုပ်ရင် အနည်းနဲ့အများတော့ သဘောကျတာချည်းပဲ နောက်မှ မင်းဘက်က အပိုင်ကြံလိုက်ပေါ့ကွာ မဟုတ်ဘူးလား'

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Donde viven las historias. Descúbrelo ahora