'မှောင်လိုက်တာ ငါ ဘယ်ရောက်နေတာလဲ မ ကော မ ဘယ်မှာလဲ ဖေဖေ နဲ့ မေမေကော ငါ ဘာဖြစ်သွားတာလဲ'
ရွှေသွန်းခတ် အမှောင်ထုထဲ တိုးဝင်ကာ စမ်းတဝါးဝါး လျှောက်သွားနေမိသည်။ မ ကို အရမ်းသတိရနေသည်။ မ နဲ့ မတွေ့ရတာ တော်တော်ကြာသလို ခံစားရသည်။ ဖေဖေ နဲ့ မေမေကော ဘယ်မှာလဲ။ ငါ ဘယ်ရောက်နေတာလဲ။ ထိုစဥ် ကားတစ်စီးက သွန်း ရှိရာနေရာသို့....
'အားးးးး'
'တီ...တီ...တီ'
'ဟေ့ patient ရဲ့ heart rate (နှလုံးခုန်သံ) နှေးလာတယ် Emergency box နဲ့ injection တွေ အနားယူလာခဲ့'
'ရွှေသွန်းခတ် ရွှေသွန်းခတ်...ဟာ... heart rate ရပ်သွားတယ် CPR (အရေးပေါ်အသက်ကယ်နည်း) လုပ်မယ် အသင့်ပြင် တစ် နှစ် သုံး ညှစ်မယ် တစ် နှစ် သုံး....'
'တီ..တီ..တီ'
'Heart rate ပြန်ရပြီ CPR ရပ်မယ်'
ထိုစဥ် ရွှေသွန်းခတ်၏ မျက်လုံးအစုံတို့ ဖြည်းညင်းစွာပွင့်လာသည်။
'ရွှေသွန်းခတ် ရွှေသွန်းခတ် သတိရလာပြီလား ငါ့ဆီ touch light ယူပေး တစ်ယောက်ယောက်က တိုင်း ဆီ ဖုန်းဆက်အကြောင်းကြားလိုက်ပါ'
'ဟုတ် ဆရာ'
အမျိုးသမီးတစ်ယောက်၏ စကားပြောသံကို သွန်းလေး နားထဲ အဆက်မပြတ်ကြားနေရသည်။ ဆရာဝန်မလေးမှ သွန်း မျက်လုံးကို ဖြဲကိုင်ကာ touch light ထိုးပြီး သူငယ်အိမ်အခြေအနေကို စစ်ဆေးပါသည်။ သွန်း မှာ တစ်ကိုယ်လုံးထုံကျင်နေသလို ခေါင်းမှာလဲ လေးလံနေသလိုရှိသည်။
'သွန်း...သွန်း အိပ်ချင်တယ်'
သွန်း စိတ်ထဲမှ ရေရွတ်ပြီးနောက် မျက်လုံးက အမှောင်ထုထဲ တိုးဝင်သွားသည်။
'ဆရာ သူ မလှုပ်တော့ဘူးနော်'
'နားပါစေ သူ ပြန်အိပ်ပျော်သွားတာပါ Vital signs (သက်ရှိလူတစ်ယောက်၏ အရေးကြီးသည့်လက္ခဏာများ) တွေ အကုန်ကောင်းတယ် လိုတဲ့ injection ထိုးရအောင်'
××××××××××××××××××××××××××××××
'ဘာ..သွန်းလေး သွန်းလေး သတိရပြီ ဟုတ်လား ကိုယ် ခုချက်ချင်းလာခဲ့မယ်'
YOU ARE READING
"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)
Romanceပန်းခြံထဲက ပန်းကလေး လှပပွင့်ဖူးဖို့ ဥယျာဥ်မှူးဟာ ဆူးစူးလဲခံရဲတယ် မြေဆွေးကိုင်တဲ့လက်ကို သွေးစို့ရလဲဖြစ်တယ် အဓိက ပန်းပွင့်လေး လှပတင့်တယ်စွာ ရှင်သန်ဖို့ပဲ #ထိပ်ဦးတင် ပန်းတစ်ပွင့်လှပဖို့ ဥယျာဥ်မှူးက တာဝန်အရှိဆုံးသူပဲ ပန်းတကာထဲမှာ အလှပဆုံးဖြစ်အောင် ဥယျာ...