Part 15

2.5K 182 0
                                        

'တီ...တီ...တီ'

'အင်း...ပြောပါ'

'CEO....parcel ရောက်တယ်ရှင့် CEO နာမည်နဲ့ပါ'

'ယူလာခဲ့ပါ'

'ဟုတ်ကဲ့ရှင့်'

မေ Company Budget List တွေ စစ်နေစဥ် Secretary မသံသာချိုမှ အခန်းအပြင်ကနေ မေ့ဆီ အကျိုးအကြောင်းပြောလိုက်ပါသည်။

'ဒေါက်.....ဒေါက်'

'ဝင်ခဲ့ပါ'

တံခါးပွင့်လာသည်နှင့် သံသာချို Parcel ထုပ်လေးကို မေ့ရှေ့ချပေးလိုက်သည်။ အဝါရောင်စက္ကူဖြင့် သေသပ်စွာ ထုပ်ပိုးထားပြီး မေ့နာမည်နှင့် Company address ကို Computer font ဖြင့်ရေးထားသည်။

'ကျွန်မကို သွားခွင့်ပြုပါဦးရှင့်'

'ကောင်းပါပြီ'

သံသာချိုထွက်သွားတော့ မေ Parcel ကို ဖောက်ကြည့်လိုက်ရာ ဓာတ်ပုံတချို့ကို တွေ့လိုက်ရသည်။ ယွန်းစံအိမ်နှင့် ထိပ် မိုးရေထဲတွင် ပွေ့ဖက်နေကြပုံ၊ ထိပ်ရဲ့အပေါ်ထပ်လေးကို ယွန်းစံအိမ် ဝတ်နေပုံ၊ ထိပ်နဲ့မေ ရဲ့အိမ်တွင် ထိပ်နှင့်ယွန်းစံအိမ် နှုတ်ခမ်းချင်းထိနေပုံ၊ ယွန်းစံအိမ်နဖူးကို ထိပ်မှလက်ဖြင့် ကာထားပုံတို့ကို ရှင်းလင်းပီသစွာ အနေအထားအမျိုးမျိုးမှ ရိုက်ထားသည်ကိုတွေ့ရသည်။

'တောက်....ဝုန်း....ချွမ်း.....'

မေ ကျယ်လောင်စွာ တက်ခေါက်လိုက်ပြီး Parcelဘူးနှင့် စားပွဲပေါ်ရှိပစ္စည်းများကို တွန်းဖယ်ပစ်လိုက်ရာ ကော်ဖီခွက်နှင့် ပန်းအိုးလေးများကွဲကျသွားသည်။ ထို့နောက် Parcelဘူးထဲမှ စာတစ်စောင်ထွက်ကျလာသည်။ မေ ကောက်ယူပြီး ဖတ်ကြည့်လိုက်တော့ Computer font ဖြင့်.....

'Winner May မှ မေထိုက်တန်သို့

ခင်ဗျား၏ ချစ်မိတ်ဆွေ ထိပ်ဦးတင်မှာ Jewellery Company မှ ယွန်းစံအိမ်နှင့် ယခုလိုဖြစ်ပျက်နေသည်ကို တွေ့မြင်နေရပါသည်။ ထို့ကြောင့် အကျိုးအကြောင်းသိစေရန် ပုံလေးများကို ပို့ပေးလိုက်ပါသည်။ Winner May Company နှင့် CEO မေထိုက်တန်တို့ရဲ့ အကျိုးစီးပွားကို လိုလားသူဖြစ်၍ ချင့်ချိန်စဥ်းစားနိုင်စေရန် စေတနာဖြင့် ယခုလိုပို့ပေးလိုက်ခြင်းဖြစ်ပါသည်။

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Место, где живут истории. Откройте их для себя