Part_1

17.3K 798 25
                                    

" မင်းက ဝိုင်းဝသာန်လား "

ဝသာန့်ရှေ့က အမျိုးသမီးမှာ  ' ပါရမီ ' ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီ၏ Managing Director ဒေါ်ခင်မမ ဖြစ်သည်။ အသားဖြူဖြူ ၊ ဆံပင်ကောင်းကောင်းနှင့် အသက်မှာ ၄၀ ဝန်းကျင်ဟု ထင်ရသည်။ မျက်နှာကို ချီမော့၍ မျက်လုံးကို အောက်စိုက်ကာ ဝသာန့်ကို ချိုးနှိမ်ပြီး ကြည့်နေပုံက အထက်တန်းလွှာတို့၏ ဂုဏ်မောက်လျက်သား။ ရုပ်ရှင်မင်းသမီး ထွန်းအိန္ဒြာဗိုလ် လို လေသံအနိမ့်အ​မြင့်ဖြင့် တစ်လုံးချင်းမေးခွန်းထုတ်လာသည်။

" ဟုတ်ကဲ့..ကျွန်တော်က ဝိုင်းဝသာန်ပါ "

လွန်ခဲ့တဲ့တစ်ပတ်တုန်းက ပါရမီ ၏ လက်အောက် ဆိုင်ခွဲတစ်ခုမှာ အရောင်းစာရေးအဖြစ် အလုပ်လုပ်နေတဲ့ ဝသာန့်ရဲ့ သူငယ်ချင်းဖြစ်သူ မေမွန်ခ က ပြောသည်။ သူတို့ ကုမ္ပဏီက ဒေါ်ခင်မမ တစ်ယောက် အနီးကပ် ယောက်ျားလေး သူနာပြုတစ်ဦးကို မြန်နိုင်သလောက် မြန်မြန်လိုအပ်နေသည်ဟူ၍ ကြားမိသည်တဲ့။

ပေးမယ့်လစာကလည်း ဝသာန့်အခက်အခဲ အတွက် အဆင်ပြေတာကြောင့် ဒီအလုပ်ကို လာလျှောက်ခြင်းဖြစ်သည်။

"  မင်းက သူနာပြုကျောင်းဆင်းနော် "

" ဟုတ်ကဲ့ "

ဒေါ်ခင်မမက ဝသာန့်ရဲ့ CV form ကို လက်ထဲက ချလိုက်ပြီး စိန်လက်စွပ်ဝတ်ထားတဲ့ လက်ချောင်းတွေကို အချင်းချင်း ယှက်လိုက်ကာ ဝသာန့်ကို နောက်တစ်ကြိမ် ခြေဆုံးခေါင်းဆုံး အကဲခတ်လာသည်။

" ဒီအလုပ်ကို လာမလျှောက်ခင် ဘာတွေလုပ်ရမယ်ဆိုတာရော သိပြီးပြီလား "

အလုပ်ခေါ်စာကို မေမွန်ခ ဆီမှ ဝသာန်ဖတ်ကြည့်ပြီးသားဖြစ်သည်။ အောက်ပိုင်းသေနေတဲ့ ယောက်ျား တစ်ဦးကို အနီးကပ် ပြုစုစောင့်ရှောက်ရမှာဖြစ်ပြီး နေ့စဥ် ဝေယျာဝစ္စမကျန် ကြည့်ရှုလုပ်ကိုင်ပေးရမည်။

" ဟုတ်ကဲ့..ကျနော် သိထားပါတယ် "

"ဒါ့အပြင် မင်းသိကိုသိထားရမှာတစ်ခုရှိသေးတယ် "

" ဟုတ်ကဲ့ ပြောပါ "

"နေစရိတ်၊ စားစရိတ်ငြိမ်း တစ်လကို ၅ သိန်း ..အလုပ်ဝင်ဝင်ချင်း ၆ လစာ ကြိုပေးမယ် ။ လစာယူပြီးတာနဲ့ မင်း ၆ လမပြည့်ခင် အလုပ်ထွက်လို့မရဘူး။ အကယ်၍ အလုပ်ထွက်မယ်ဆိုရင် ကျန်တဲ့လစာရဲ့ နှစ်ဆကို ပြန်လျော်ရမယ်။ လက်ခံလား?"

SENG (Paraplegia)Where stories live. Discover now