ခင်မမ အမေရိက လာသည့်အခေါက်တိုင်း ဆေးရုံအနီးက အဲရစ်ယံ၏ တိုက်ခန်းမှာ နေသည်။ ပြောရရင် တိုက်ခန်းကလည်း အဲရစ်ယံကို ခင်မမ ဝယ်ပေး ထားတာပဲ ဖြစ်သည်။
အခန်းထဲသို့ရောက်တာနဲ့ ခင်မမက အပေါ်ထပ် ကုတ်အကျီကို ချွတ်ပြီး ခုံမှာ တင်လိုက်သည်။
" မင်းရဲ့ တူလေးရော အခြေအနေ ကောင်းရဲ့လား "
ခင်မမက မီးဖိုချောင်ထဲဝင်သွားကာ ရေတစ်ခွက်ငှဲ့ပြီး ဖန်ခွက်ကို စားပွဲပေါ်ဆောင့်ချလိုက်သည်။
" အဲရစ်...ရှင်ပေးတဲ့ ဆေးတွေက ထိရောက်မှုရောရှိရဲ့လား..ခေတ်သွင်ကို တိုက်နေတာကြာပြီ ဘာလို့ အခုထိ အာနိသင် ထူးထူးခြားခြားမပြသေးတာလဲ "
" စိတ်ရှည်မှပေါ့ ခင်ရာ...ဒီလောက် နှစ်တွေအကြာကြီး စောင့်လာခဲ့ပြီးပြီပဲ..မကြာခင် အားလုံးက ကိုယ်တို့စီစဥ်ထားတဲ့အတိုင်း အကောင်အထည်ပေါ်လာတော့မှာပါ "
အဲရစ်ယံက ခင်မမရဲ့ နောက်ကို လျှောက်လာပြီး ခါးကို သိုင်းဖက်လိုက်သည်။
"ဒီတစ်ခေါက်ရော ရက်ဘယ်လောက်ကြာကြာနေမှာလဲ "
"ငါးရက်ပဲ..ဟိုမှာ ဆိုင်းခေတ်သွင်ကို ထားခဲ့တာ စိတ်မချဘူး "
အဲရစ်ယံက မကျေမနပ် နှုတ်ခမ်းဆူလိုက်ပြီး
"မင်းရဲ့ စပိုင်လေး ဝိုင်းဝသာန်လည်း ရှိနေတာပဲမလား..ကိုယ်နဲ့ ကြာကြာမနေချင်ဘူးလား "
ခင်မမက နောက်သို့လှည့်ပြီး အဲရစ်ယံရဲ့ နှုတ်ခမ်းကို ဖိကပ်နမ်းလိုက်သည်။ ထိုအခါ အဲရစ်ယံက ခင်မမရဲ့ ကိုယ်လုံးကျစ်ကျစ်သွယ်သွယ်ကို ပွေ့လျက် အိပ်ခန်းထဲသို့ခေါ်သွားတော့သည်။
ကျောင်းတက်ဖို့ အမေရိကကိုရောက်လာခဲ့စဥ်က အဲရစ်ယံနဲ့ ခင်မမက အိမ်နီးချင်း။
သာမန် အလယ်လတ်တန်းစား မိသားစုက လာတဲ့ အဲရစ်ယံက ဆေးကျောင်းတက်ပြီး ခင်မမက စီးပွားရေး တက်သည်။
မေတ္တာမျှပြီး လက်တွဲခဲ့တာ ယနေ့ထိတိုင်။ အဲရစ်ယံရဲ့အကြောင်းကို အူမချေးခါးမကျန် အကုန်သိသလို ခင်မမနဲ့မိသားစုအကြောင်းကိုလည်း သူက အကုန်သိသည်။ ခင်မမ အဖိုးကြီးရဲ့ ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီးအုပ်ဖို့ကြိုးစားတဲ့ကိစ္စမှာ အဲရစ်ယံလည်း ပူးပေါင်းပါဝင်သူဖြစ်သည်။
![](https://img.wattpad.com/cover/294917894-288-k779809.jpg)
DU LIEST GERADE
SENG (Paraplegia)