Part_9

5.2K 549 6
                                    

နေ့စဥ်နေ့တိုင်း ဆိုင်းခေတ်သွင်ရဲ့ဘယ်အချိန်မှာ ဘာစားတယ်၊ ဘာလုပ်တယ် မှစ၍..တိုးတက်မှု၊ ဆုတ်ယုတ်မှု အခြေအနေအရပ်ရပ်တို့ကို ဝသာန်က တစ်ခုမကျန် တစ်ရက်မပြတ် ဒေါ်ခင်မမထံ အစီရင်ခံရသည်။

အမေရိကကို ခရီးထွက်သွားတာတောင် ဒေါ်ခင်မမက တစ်ရက်မှ မလစ်လပ်စေဘဲ ဖုန်းဖြင့် ဆိုင်းခေတ်သွင်အကြောင်းကို ဝသာန့်အား တင်ပြခိုင်းနေစမြဲ။

အချိန် နှစ်လ ကျော်လာပြီးနောက်မှာ ဝသာန်နှင့် ဆိုင်းခေတ်သွင်၏ ဆက်ဆံရေးကတော့ တိုးတက်သည်လည်း မဟုတ်။ မတိုးတက်ဘူးလည်းမဟုတ်။ အရင်လောက် ခါးခါးသီးမဖြစ်တော့ပေမယ့် အရင်လိုပဲ ဝသာန့်ကို သူ့အရေးကိစ္စတွေမှာ ကူညီခွင့်မပြု။

ဆေးလည်း အတိုက်မခံ။ ထိတွေ့ပြီး ကူညီဖေးမတာလည်း လက်မခံ။ တခါတရံ ဝသာန်က ဇွတ်အတင်း ဝင်ဝင်လုပ်ရင် တစ်ချက်နှစ်ချက် အအော်ခံရသည်။ ပြန်စဥ်းစားကြည့်တော့ ဒီအိမ်မှာ သူနာပြုအဖြစ် အလုပ်လာလုပ်တဲ့ ဝသာန့်မှာ သူနာပြုအလုပ်က နည်းနည်းရယ်။ စားပြီး အိပ်၊ အိပ်ပြီးစား အလုပ်က ခပ်များများ။

တစ်နေ့တစ်နေ့ ဆိုင်းခေတ်သွင်နဲ့ တစ်ယောက် တစ်ခွန်း စကားများမယ်။ ပြီးရင် ဒေါ်ကြည်နှင့် ဝါဝါတို့အနား အလ္လာပ သလ္လာပ ပြောမယ်။ ဒေါက်တာနှင်းဝတ်ရည် ဆိုင်းခေတ်သွင်ကို လာကြည့်တဲ့အချိန်ဆို ဆိုင်းခေတ်သွင်က ဝသာန့်ကို မောင်းထုတ်ပြီး ဝသာန်က ရတဲ့နည်းနဲ့  ချောင်းမယ်။ ဆိုင်းခေတ်သွင် ဆေးရုံသွားတဲ့နေ့ Wheelchair တွန်းရင်း နောက်က လိုက်ရမယ်။ နောက်ပြီး တစ်နေ့တာ ဆိုင်းခေတ်သွင်ကို Stalker လုပ်ပြီး ဒေါ်ခင်မမထံ အစီရင်ခံရမယ်။

ပြောရရင် အလုပ်က အရမ်းသက်သာတယ်။ စဝင်ဝင်ချင်းတုန်းက ဆိုင်းခေတ်သွင် စကားနားမထောင်လို့ ခေါင်းရှုပ်ခဲ့ရပေမယ့် နောက်ကျ ဝသာန်လည်း သူတစ်ခွန်းဆို ကိုယ်တစ်ခွန်းပြန်ခံပြောနေတာနဲ့ စိတ်ထဲ ထည့်ပြီး ရှုပ်ချိန်ကို မရတော့။

ဒေါ်ခင်မမက အမေရိက ကနေ တစ်ပတ် ကြာတော့ ပြန်ရောက်လာသည်။ သူမနှင့်အတူ နိုင်ငံခြားသား ဧည့်သည်တစ်ဦးလည်း လိုက်ပါလာသည်။ နိုင်ငံခြားသား ဆိုပေမယ့် ထိုလူက မြန်မာနှင့် အမေရိကန် နိုင်ငံသား လူမျိုးစပ်ဖြစ်သည်။ အဲရစ်ယံ ဟု ခေါ်ပြီး အသက်မှာ ဒေါ်ခင်မမ ထက် ပိုငယ်လိမ့်မည်။

SENG (Paraplegia)Where stories live. Discover now