Part_27

3.7K 358 6
                                    

" ဘာတွေတွေး​နေတာလဲ "

အဝတ်တွေ ထည့်နေသည့် ဝသာန့်ကို ဆိုင်းခေတ်သွင်က နောက်ကနေ သိုင်းဖက်လိုက်သည်။

" ဘာလိုဦးမလဲလို့ တွေးနေတာ "

ဆိုင်းခေတ်သွင်က ပါရမီ၏ ရန်ကုန်ရုံးခွဲသို့ စာရင်းစစ်ဖို့ရန် ခရီးထွက်မည်ဖြစ်သည်။ သုံးရက်တည်း ကြာမှာမို့လို့ ဝသာန့်ကို ပင်ပန်းမှာ စိုး၍ မလိုက်ချင်ရင် မလိုက်ဖို့ပြောပေမယ့် ဝသာန်က လိုက်ခဲ့ဖို့ ဆုံးဖြတ်လိုက်သည်။

အလုပ်ခရီးဆိုပေမယ့် ဝသာန်လည်း ပါလာတာကြောင့် ဆိုင်းခေတ်သွင်က တစ်ရက်နှစ်ရက် လည်ဖို့ပတ်ဖို့ပါ စီစဥ်လိုက်သည်။

Star city မှာ ကွန်ဒိုအပိုင်ရှိပေမယ့် မြို့ထဲက ရုံးခွဲနှင့် သွားရေးလာရေး ဝေးလွန်းတာကြောင့် ရုံးခွဲနှင့်နီးသော နေရာမှာပဲ ဟိုတယ် တည်းလိုက်ကြသည်။

ပထမရက်မှာ ဆိုင်းခေတ်သွင်က ဝန်ထမ်းတွေနဲ့ အစည်းအဝေးထိုင်ပြီး ဒုတိယရက်မှာတော့ စာရင်းကိုအပြီးစစ်လိုက်သည်။ တတိယရက်မှာ ဝသာန့်ကိုပါခေါ်ပြီး ရုံးခွဲမန်နေဂျာနှင့် စျေးကွက်လေ့လာဖို့ ထွက်ခဲ့ကြသည်။

သုံးရက်နဲ့အလုပ်ကိုဖြတ်လိုက်ပြီးနောက်မှာ ဆိုင်းခေတ်သွင်နှင့် ဝသာန်တို့ နှစ်ယောက်အတူတူ ရွှေတိဂုံဘုရားသွားဖူးကြသည်။

ဟိုတယ်ကိုပြန်ရောက်တော့ ရေပူစမ်းမှာ သွားချိုးချင်တယ်ဟု ဝသာန် က ပူဆာလိုက်သည်။ သီးသန့် ရေပူစမ်းအခန်းထဲကို ဝင်လိုက်တာနဲ့ အပူငွေ့နွေးနွေးများက အငွေ့ပြန်နေလျက်ရှိသည်။ သစ်သားထိုင်ခုံတန်းပေါ်တွင် တဘတ်လုံလုံလောက်လောက် အပြင် အမွှေးနံ့သာဘူးများကိုပါ မျိုးစုံအောင် တင်ပေးထားသည်။

ဝသာန် ခါးပေါ်က တဘတ်ပိုင်းလေးကို ချွတ်ပြီး အငွေ့ပြန်နေတဲ့ ရေကန်ထဲ ပြေးဆင်းလိုက်သည်။

" အီးရား...နေလို့ကောင်းလိုက်တာ...ဆိုင်း မြန်မြန်ဆင်းခဲ့ "

ဆိုင်းခေတ်သွင်ပါ ရေထဲသို့ဆင်းလာလျှင် ဝသာန်က ရေနဲ့လှမ်းပက်လိုက်သည်။ ဆိုင်းခေတ်သွင်က ဝသာန့်လက်ကို ဖမ်းဖို့လုပ်တဲ့အခါ ဝသာန်နောက်သို့ အမြန်ရှောင်လိုက်သည်။ ကြားထဲမှာ အငွေ့တွေပြန်နေတာကြောင့် မြင်ကွင်းက ဝိုးတိုးဝါးတား။

SENG (Paraplegia)Where stories live. Discover now