Part_18

5K 441 8
                                    

နောက်ဆုံးတော့ ဆိုင်းခေတ်သွင်ရဲ့ ဇွတ်အတင်း တောင်းဆိုမှုနဲ့ ဝသာန် ဒီအိမ်မှာ သူနာပြုဆက်လုပ်ဖို့ ဖြစ်လာသည်။

နဂိုစာချုပ်အရဆို ခြောက်လပြည့်ဖို့ နှစ်လလောက်လည်း လိုနေသေးတာဆိုတော့ ဝသာန် ဆက်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

ဦးဆိုင်းမဟာသွင်က ဒေါ်ကြည်နှင့် ဝါဝါတို့ကို ဒေါ်ခင်မမလက်အောက်က ဝန်ထမ်းတွေဆိုပြီး ဖြုတ်ပစ်ဖို့ ပြောသည်။ ဝသာန်ကြားကနေ ဒေါ်ခင်မမရဲ့လုပ်ရပ်တွေဟာ သူတို့နဲ့ဘာမှသက်ဆိုင်မှုမရှိကြောင်း ဝင်ပြောမှ ဦးဆိုင်းမဟာသွင်က သူတို့ကို အလုပ်ဖြုတ်မယ့်ကိစ္စအား ရပ်တန့်သွားသည်။

ရောဂါသည် လူအိုကြီးဖြစ်တဲ့အလျောက်  ချက်ချင်း ခရီးထသွား၊ ထပြန် မလုပ်နိုင်သည့်အတွက် ဒီအိမ်မှာ ရက်ပိုင်းနေဖို့ ဖြစ်လာသည်။

ညရောက်တော့ ဝသာန်နှင့် ဆိုင်းခေတ်သွင်မှာ ဆိုင်းခေတ်သွင်၏ တတိယထပ်က အခန်းထဲ၌ ယောင်လည်လည်ဖြစ်နေသည်။

ဒီအခန်းထဲမှာ ကုတင်က တစ်လုံးတည်းရှိတာ။ ယောက်ျားလေးချင်းပဲ ...အတူတူအိပ်ရတာ ဘာမှ မဖြစ်ပေမယ့် ကိုယ့်ကို သဘောကျနေပါတယ်လို့ ဝန်ခံထားတဲ့ သူနဲ့ ဆိုရင်တော့ ဘာမှမဖြစ်ဘဲ မနေတော့။

" ကျနော် အောက်ထပ်မှာ သွားအိပ်လိုက်မယ် "

ဝသာန် တံခါးဆီလှမ်းလျှင် ဆိုင်းခေတ်သွင်က ငေါက်ခနဲထရပ်ပြီး

" အောက်ထပ်မှာ အခန်းပိုမရှိတော့ဘူး "

"အာ..အဲ့တာဆို.. "

သူတို့တိုက်ရဲ့ ဖွဲ့စည်းပုံက တစ်ထပ်လုံးမှာ တစ်ယောက်တည်း သီးသန့် နေရန်အတွက်သာ။ ဥပမာ တတိယထပ်မှာဆို ဆိုင်း​ခေတ်သွင်ရဲ့ အိပ်ခန်းနဲ့ စာ​ကြည့်ခန်း ရှိမယ်။ ဆိုင်းခေတ်သွင်နဲ့ပတ်သက်တာတွေပဲ ရှိပြီး ကျန်တဲ့သူနဲ့ ဆိုင်တာ ဘာမှမရှိ။ ဒုတိယထပ်မှာ ဒေါ်ခင်မမရဲ့ အိပ်ခန်းနဲ့ စာဖတ်ခန်း။ အောက်ဆုံးထပ်မှာလည်း အခန်းဖွဲ့စည်းပုံက ဒီလိုပဲ။ ဒေါ်ကြည်နဲ့ဝါဝါက အပိုအခန်းမှာ နေတယ်။

အခု ဝသာန် သွားအိပ်စရာ ဒုတိယထပ်က ဒေါ်ခင်မမရဲ့အခန်းပဲရှိမည်။ သို့သော် သူ့ရဲ့ပစ္စည်းတွေ မရှင်းရသေးတာကြောင့် ဝင်နေလို့မကောင်းပေ။

SENG (Paraplegia)Where stories live. Discover now