Part_13

5K 501 10
                                    

ဒေါ်ခင်မမက ဝသာန့်ကို သူမဘက်က လူ လုံးလုံးဖြစ်နေပြီဟု ထင်မှတ်ကာ ဆိုင်းခေတ်သွင်ကို ဆေးထူးထူးဆန်းဆန်းတွေ နေ့စဥ်တိုက်ခိုင်းသည်။

ဝသာန်ကလည်း သူမ ပေးတာကို ယူလာလေ့ရှိပြီး အခန်းထဲရောက်လျှင် ဆိုင်းခေတ်သွင်က ရေချိုးခန်းထဲ သွန်ချပစ်သည်။

ဒေါက်တာ နှင်းဝတ်ရည် လာကြည့်နေသော နေ့တွင် ဆိုင်းခေတ်သွင်က ဝသာန့်ကို မောင်းမထုတ်တော့။ ဝသာန်က အကြောင်းအရာအားလုံး သိထားပြီးပြီမို့လို့ သူတို့ခြေထောက်လေ့ကျင့်ခန်းလုပ်နေတာတွေကို ပေးမြင်သည်။

ဆိုင်းခေတ်သွင်က လမ်းပြန်လျှောက်နိုင်နေပေမယ့် လူကောင်း ပကတိလိုမျိုး ကောင်းသေးတာတော့ မဟုတ်။ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းတွေကို လုပ်နေရသေးသည်။

နှင်းဝတ်ရည်က နောက်ရက်တွေမှာ ဝသာန်ကူပြီးလုပ်ပေးရမည့် လေ့ကျင့်ခန်းတွေကိုပါ မှာခဲ့သည်။

ညဘက်ဆိုလျှင် ထုံးစံအတိုင်း ဝသာန်က ဒေါ်ခင်မမကို အစီရင်ခံရသည်။ တစ်နေ့တာ ဘာလုပ်တယ်၊ ဘာစားတယ် ပြောလို့အပြီးမှာ ဒေါ်ခင်မမက မေးလာသည်။

"ဒီနေ့ ဒေါက်တာနှင်း လာကြည့်တတယ်ဆို "

" ဟုတ်..ပါ တယ် "

"မင်းကို သူလာကြည့်တဲ့အချိန် အခန်းထဲ အဝင်ခံပြီပေါ့ "

နှင်းဝတ်ရည်လာကြည့်တဲ့အချိန်မှာ ဒေါ်ခင်မမက အလုပ်မှာရှိနေတာသေချာပေမယ့် အိမ်မှာ ဖြစ်သွားတဲ့ အပြောင်းအလဲ အသေးလေးက အစ သိနေသည်။ ရုတ်တရက် ဝသာန် ရင်ထဲအေးခနဲ။

"ဟုတ်တယ်...အခုနောက်ပိုင်း ကိုဆိုင်းခေတ်သွင်က ကျနော့်ကို တအား ကလန်ကဆန်မလုပ်တော့ဘူး..အဲ့တာကြောင့်  "

ဒေါ်ခင်မမက ခေါင်းငြိမ့်ပေမယ့် ဘာတွေတွေးနေလဲဆိုတာ ခန့်မှန်းမရတဲ့ မျက်နှာအမူအယာမျိုးလုပ်ထားသည်။ တခြား ဘာကိုမှ မရိပ်မိဖို့သာ ဝသာန် စိတ်ထဲကနေ ကြိတ်ဆုတောင်းမိသည်။

"သြော်..ပြီးတော့..မင်းရဲ့အမေ...နောက်နှစ်ရက်နေရင် ခွဲစိတ်မယ်ဆိုတာ သိပြီးပြီမလား "

" ဟုတ်ကဲ့ "

" အဲ့ဒီနေ့ကို ခွင့်ယူလိုက်ပါ...အမေ့ကိုသွားတွေ့လိုက် "

SENG (Paraplegia)Tempat cerita menjadi hidup. Temukan sekarang