Part_20

4.8K 400 8
                                    

မြန်မာနိုင်ငံက လုပ်ငန်းအားလုံးကလည်း ဆိုင်းခေတ်သွင် ပြန်လာမှ လည်ပတ်မှာမို့လို့ သူတို့တွေ အမေရိကမှာ အရမ်းကြာအောင် နေလို့မဖြစ်ပေ။

ဦးဆိုင်းမဟာသွင်က သူ့ရဲ့လုပ်ငန်း ပါတနာတွေကို သီးသန့် ပွဲတစ်ခုကျင်းပပြီး သူ့မြေးကို ပွဲထုတ်လိုက်ချင်ပေမယ့် လုပ်ငန်းရှင်တိုင်းက တစ်လလောက်ကတည်းက ကြိုတင်စီစဥ်ထားတဲ့ ပွဲတက်စရာတွေ ရက်ဆက်နေကြသည်။

သူတို့အားလုံး စုံမယ့် သီးသန့် ရက်ကို စောင့်မနေတော့ဘဲ သူတို့အားလုံးနီးပါး စုံနိုင်မည့် ပွဲတစ်ခုကို ဆိုင်းခေတ်သွင်အား သွားတက်ခိုင်းဖို့သာ ဆုံးဖြတ်လိုက်ရသည်။

ပါရမီ Group ရဲ့ အမေရိက ရုံးထိုင် အထွေထွေအတွင်းရေးမှူး ဂျိမ်းစ်က ဆိုင်းခေတ်သွင်ရဲ့ အဖော်အဖြစ် လိုက်ပါမည်ဖြစ်သည်။

ဝသာန့်ကိုပါ ပွဲအတူ လိုက်တက်ဖို့ ခေါ်ပေမယ့် သူတို့လို လုပ်ငန်းရှင်တွေ စုဝေးနေတဲ့နေရာကိုတော့ ဝသာန် တိုးနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိလို့ နေခဲ့လိုက်သည်။

နောက်ပြီး ကိုယ်နဲ့လည်း ဆိုင်တဲ့ လုပ်ငန်း မဟုတ်။ ဆိုင်းခေတ်သွင်က သူ့ရဲ့ ဝတ်စုံကို Fitting ညှိပြီးတဲ့အခါ နောက်မှာ ခရီးသွားလမ်းညွှန်စာအုပ်ကို ဟိုလှန်ဒီလှန် လုပ်နေသည့် ဝသာန့်အနား ရောက်လာသည်။

" ဘယ်လိုနေလဲ ကြည့်ပါဦး "

ဝသာန် စာအုပ်ကို ပိတ်ပြီး ထရပ်လိုက်သည်။ ဆိုင်းခေတ်သွင်က အနက်ရောင် Tuxedo ကို အောက်မှာ ရှပ်အကျီအဖြူနဲ့ ခံဝတ်ထားသည်။ လည်ပင်းမှာတော့ အနက်ရောင် ဖဲပြားလေးနဲ့။ မြင်နေကျ ပုံစံမျိုးမဟုတ်၍ ဝသာန့် မျက်လုံးထဲ အမြင်ဆန်းနေသည်။

အင်း... အမှန်အတိုင်းဝန်ခံရရင်တော့ ပိုကြည့်ကောင်းနေတာ။

အနောက်တိုင်းသား မဟုတ်ပေမယ့် Tuxedo နဲ့ တော်တော်လိုက်ဖက်သည်။ အရပ်မြင့်ပြီး ခြေတံရှည်၊ လက်တံရှည်ကြီးတွေနှင့် ရင်အုပ်ကလည်း စွင့်စွင့်ကားကား။ ဒါတောင် သူ တစ်နေ့တစ်နေ့ လေ့ကျင့်ခန်းကို နာရီဝက် ၊ တစ်နာရီထက် ပိုလုပ်တာ မဟုတ်။

SENG (Paraplegia)Where stories live. Discover now