Part_10

5.3K 543 13
                                    

နောက်တစ်ရက်မှာ ဒေါ်ခင်မမက အလုပ်များသူပီပီ အိမ်ကနေ Company သို့ သွားရတော့ အဲရစ်ယံက အိမ်မှာ ကျန်ရစ်ခဲ့သည်။

နောက်ရက်ဆိုလျှင် ပြန်တော့မှာဆိုပြီး သူပါလာသော အထုတ်အပိုးအနည်းငယ်ကို သိမ်းဆည်းပြီးတဲ့အခါ အောက်ထပ်ကိုဆင်းလာသည်။

ဝသာန်သည်လည်း မနက်စာ စားအပြီး ဒေါ်ကြည်တို့နှင့် လေပေါနေရာ အဲရစ်ယံပါ ရောဝင်လာသည်။

" ဝသာန်..ကိုယ့်ကိုတစ်ခု ကူညီပါလား "

"ရတာပေါ့ခင်ဗျ "

ဝသာန်က အားတက်သရော တုန့်ပြန်ပြီး ဧည့်ခန်းသို့ နှစ်ယောက်အတူ သွားလိုက်သည်။ အဲရစ်ယံက သူ့ရဲ့ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသော လက်ပတ်ကြိုးလေးတစ်ကုံးကို ထုတ်လိုက်သည်။

"ကိုယ် ဒါလေး ကြိုးပြတ်သွားလို့..ဝသာန် လုပ်တတ်လား "

ဝသာန် ယူကြည့်လိုက်တော့ ဘာမှမခက်ခဲတာကိုတွေ့ရသည်။ ပုဂံမှာ ရောင်းတဲ့ သစ်သားလက်ပတ်ကြိုးလေးတွေနဲ့ ခပ်ဆင်ဆင်.. ကျောက်တုံးသေးသေးလေးတွေကို တွဲချည်ထားတဲ့ လက်ပတ်ကြိုးမျိုးဖြစ်သည်။

ဝသာန် ပြတ်သွားတဲ့ကြိုးမှာ ကျောက်တုံးမွတ်မွတ်လေး တွေကို သီလိုက်ပြီး ကြိုးကိုလည်း လက်ပတ်ကြိုးတွေရဲ့ ထုံးနည်းမျိုးနဲ့ပြန်ထုံးလိုက်သည်။ မီးဖိုချောင်ကနေ မီးခြစ်သွားယူပြီး ကြိုးထုံးစကိုပါ တိတိလေးဖြတ်ပေးလိုက်ဖို့မမေ့။

"ကျေးဇူး ဝသာန်ရာ...ကိုယ် လွှင့်ပစ်ရတော့မယ်ထင်နေတာ..ဒါလေးက ခင် လက်ဆောင်ပေး ထားတာမို့ ကိုယ်ဝတ်လာတာ ကြာပြီလေ..ပြတ်သွားတာ သူသိရင် စိတ်မကောင်းနေမှာ "

" ကျေးဇူးတင်စရာမလိုပါဘူး အဲရစ်ရဲ့ ..ဒါက အသေးအမွှားပါ "

အဲရစ်ယံက လက်ကောက်ဝတ်ကို ဝသာန့်ထံထိုးပေးလျှင် ဝသာန်က လက်ပတ်ကြိုးကို ပြန်တွယ်ပေးလိုက်သည်။ ပြီးခါနီးမှာ အဲရစ်ယံ၏ လက်က ဝသာန့်လက်ဖမိုးပေါ် အုပ်ကိုင်လိုက်တာကြောင့် ဝသာန် မျက်ခုံးပင့်သွားသည်။

ဒါတင် မက။ လက်ဖမိုးကို ဖွဖွလေး ပွတ်သပ်နေပြန်တဲ့အခါမှာတော့ ဝသာန် အဲရစ်ယံ၏ မျက်နှာကို သေချာမော့ကြည့်လိုက်မိတော့သည်။ ထိုလူက နွေးထွေးစွာ ပြုံးနေဆဲ။

SENG (Paraplegia)Where stories live. Discover now