" အဖေ ဘာတွေပြောနေတာလဲ! "
ဒေါ်ခင်မမသည် မိနစ်ပိုင်းအတွင်း အိုစာသွားသလို မျက်လုံးများပြူးကျယ်လျက် ရူးနှမ်းသွားသည်။
" ခေတ်သွင်ရဲ့ ကား မတော်တဆက ဘယ်သူ့ ပရောဂ ကြောင့်ဖြစ်တယ်ဆိုတာ ငါ့ပါးစပ်က ထုတ်ပြောရမှာလား ခင်မမ "
" အဖေ ပြောနေတာ ကျွန်မ မသိဘူး "
ဦးဆိုင်းမဟာသွင်ရဲ့ ရှေ့နေက သူ့ရဲ့ Ipad ကို ဖွင့်လိုက်ပြီး ခင်မမ ရှေ့ကို ချပြလာသည်။
' မင်းမရှိမှ အဖိုးကြီးက ငါ့ကို အမွေတွေ ပေးမှာ '
ခင်မမ ထို Ipad ကို အမြန်ဆွဲယူပြီး ပိတ်သည်။ ပိတ်ရုံနဲ့ အားမရလို့ ရိုက်ပုတ်ပြီး ကြမ်းပြင်ပေါ် ရိုက်ခွဲပစ်လိုက်သည်။
" မဟုတ်ဘူး...ဒါ အမှန် မဟုတ်ဘူး...အထင်မလွဲပါနဲ့ အဖေ...ဒါ ...ဒါလည်း အဲရစ်ယံ ခိုင်းတာ...မမက ကိုယ်တိုင်စောင့်ရှောက်လာခဲ့တဲ့ ကလေးကို ဘာလို့ ဒီလိုလုပ်ကြံမှာလဲ "
ဗွီဒီယိုထဲတွင် သူမ၏ မကျေမချမ်းသော စကားသံ အတိအလင်းပါနေတာတောင်မှ ခင်မမက သွေးရူးသွေးတန်းငြင်းနေဆဲ။ ဦးဆိုင်းမဟာသွင်ရဲ့ ရှေ့မှာ ဒူးထောက်ကာ ခြေထောက်တွေကို ကိုင်ပြီး ငိုယိုနေတဲ့ ခင်မမကို ဦးဆိုင်းမဟာသွင်က စုတ်သပ်လျက် ငုံ့ကြည့်သည်။
"ခြေနှစ်ချောင်း မကယ်ကောင်းဆိုတာ အမှန်ပဲ...ခင်မမ...ခင်မမ...ငယ်ငယ်လေးတုန်းက မိဘက အာဟာရပြည့်ပြည့်ဝဝ မကျွေးမွေးနိုင်လို့ ငါက အိမ်ပေါ်ခေါ်ကျွေးခဲ့တယ်..မိဘက ကျောင်းစရိတ်မတတ်နိုင်လို့ ငါက ကျောင်းထားပေးခဲ့တယ်...ငါ့သမီးတစ်ယောက်အဖြစ် လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့တယ်...ဒါပေမယ့် အခုတော့ ဘာတဲ့လဲ...ကိုယ့်တူကို လုပ်ကြံတယ်တဲ့လား ဟမ်? ဒါတင် အားမရဘဲ ငါ့ကိုပါ အသေသတ်ဖို့ ထပ်ကြံစည်သေးတယ် "
"မဟုတ်ပါဘူး...မဟုတ်ပါဘူး မမက...အဲရစ်ယံ အကြပ်ကိုင်လို့လုပ်ခဲ့ရတာပါ..အဲ့ဒီလုပ်ရပ်အတွက်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ခံစားရလို့ အခုချိန်ထိ ခေတ်သွင်ကို ဂရုစိုက်.... "
" တော်လိုက်စမ်း! ညည်းပါးစပ်ကနေ လျှာအရိုးမရှိတိုင်း ထွက်လာသမျှ စကားကို ငါယုံမယ်ထင်နေလား .. ခေတ်သွင်ကို မတော်တဆဖြစ်အောင်လုပ်တာ မသေသွားလို့ ဆေးတွေထပ်တိုက်နေတာရော မသိဘူးထင်လို့လား "
![](https://img.wattpad.com/cover/294917894-288-k779809.jpg)