Part_16

5K 480 7
                                    

သတိဝင်လာတာနဲ့ နှစ်ယောက်သားသည် တစ်ယောက်ကို တစ်ယောက် အမြန် ကျောပေးရပ်လိုက်ကြသည်။

ဝသာန့်နှလုံးသည် ပါးစပ်မှ ထွက်ကျလာတော့မလို တဒုန်းဒုန်း ခုန်ပေါက်နေသည်။ မျက်နှာတစ်ပြင်လုံးမှာ ပူတက်လာပြီး ခုဏလေးတင် ဆိုင်းခေတ်သွင် ရုတ်တရက်ထိကပ်လိုက်သော နှုတ်ခမ်းက တဆတ်ဆတ်တုန်နေသည်။

ဝသာန် ထိကြည့်လိုက်လျှင် မျက်လုံးထဲမှာ ထိုမြင်ကွင်းက နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။ ခါးကနေ ဆွဲပြီး နံရံသို့ ကပ်လျက် ခေါင်းကို စောင်းပြီး...ဝသာန့်ရဲ့ နှုတ်ခမ်းသို့.....

ဝသာန် စိတ်ထဲက အားခနဲအော်မိသည်။ ယောက်ျားချင်းကြီး!!!

ပိုထူးဆန်းတာက ဝသာန် ဒေါသထွက်မနေဘူး။ ဘာလို့လဲ ! ! ယောက်ျားလေးဆီက အနမ်းခံရတာလေ။ မဟုတ်လောက်ပါဘူး ဒီခံစားချက်ကြီးက... မဟုတ်ဘူး မဟုတ်ဘူး။

ဝသာန် ကိုယ့်ပါးကိုပုတ်ပြီး ခေါင်းခါရမ်းလိုက်သည်။ ဆိုင်းခေတ်သွင်က ရုတ်တရက် အပျော်လွန်ပြီး အမှားလုပ်မိသွားတာပဲနေမှာ။

နောက်ဆုံးတော့ တိတ်ဆိတ်သွားသော အခန်းထဲမှာ ဝသာန့်အသံက ပြန်လည်ပေါ်ထွက်လာသည်။

" ဒီထဲကဟာ စစ်ကြည့်ကြမလား "

ဆိုင်းခေတ်သွင်သည်လည်း ထိုအခါမှ ဝသာန့်ဘက်ပြန်လှည့်ကြည့်လာကာ ခေါင်းငြိမ့်သည်။ Laptop ကိုယူလိုက်ပြီး စတစ်ကို ထိုးကာ ဝသာန်က စကားဝှက်ကို ရိုက်လိုက်သည်။

" ဆိုင်း တဲ့လား "

" ဟုတ်တယ် "

ဖိုင်ကိုဖွင့်လိုက်လျှင် စတင်ပေါ်လာသည်မှာ ကားဘရိတ်ကြိုးကိုဖြတ်ဖို့ ကြိုးစားနေသည့် ဒေါ်ခင်မမဖြစ်သည်။

ကားထဲသို့ဝင်လာပြီး ကင်မရာကို ဖြုတ်ခါနီးတွင် ပြောလိုက်သောစကားမှာတော့ ဆိုင်းခေတ်သွင် ပြောသည့်အတိုင်း ' မင်းမရှိမှ အဖိုးကြီးက ငါ့ကို အမွေတွေ ပေးမှာ ' ဟူ၍ ။

ဝသာန်ရဲ့ဘေးမှာ ကြည့်နေသည့် ဆိုင်းခေတ်သွင်သည် အံကြိတ်လျက် လက်သီးများ တင်းတင်းဆုပ်လျက်သား။ ဝသာန့်ရဲ့ လက်က အလိုအလျောက် ထိုလက်သီးဆုပ်များပေါ် အုပ်ကိုင်မိသည်။

SENG (Paraplegia)Where stories live. Discover now