Part (15) ♥{ Zawgyi }

44 3 4
                                    

မနက်ဖြန်ဆို ဟန်ချင်း မင်္ဂလာပွဲကျင်းပရတော့မည်။ သူမဆီသို့ ချစ်ရသူလာမလား လှမ်းမျှော်နေရသည်။ မျှော်သာမျှော်နေရတာ ချစ်ရသူကတော့ လှမ်းမလာပေ။ မင်္ဂလာဆောင်ခါနီးသတို့သမီးလေးတစ်ယောက် အခန်းထဲဝယ် တစ်ယောက်ထဲ ကြိတ်ငိုနေရရုံသာ တက်နိုင်သည်။ သူမအား မမှတ်မိသည့် အကြင်သူအားလည်း အပစ်မတင်ရက်နိုင်ပေ။ ရက်စက်လွန်းလှသည့် ကံကြမ္မာကိုသာ အပြစ်တင်ရင်း ဝမ်းနည်းငိုကြွေးနေရသည်။

အချိန်အတော်တန်ကြာ အိပ်စက်ပြီး၍ အနဲငယ်အားပြည့်နေသည်ဟု ခံစားရသောကြောင့် ပိုင် အိမ်တော်သို့ အလည်သွားရန် ဆုံးဖြတ်ခဲ့သည်။ အကိုဖြစ်သူအ ခွင့်တောင်းမည်ဟုစဉ်းစားကာ လိုက်ရှာသော်လည်း မတွေ့သောကြောင့် ပိုင်အိမ်တော်သို့သာ ထွက်လာလိုက်သည်။ ပိုင်အိမ်တော်ရှေ့ရောက်ချိန်တွင် သူမအား မှတ်မိနေသည့် အစောင့်များကြောင့် သူမ ပိုင်သခင်မလေးနှင့်သာမန်ထက်ပိုစွာရင်းနှီးနေသည်ဟု တွေးလိုက်သည်။ အဆောင်ထဲသို့ဝင်လိုက်ချိန် သူမအား ကြောင်ကြည့်နေကာ မျက်ရည်များဖြင့် မျက်ဝန်းအတွင်း၌ စိုရွဲနေသည့် သတို့သမီးလောင်းလေးအား မြင်တွေ့ရချိန် နာကျင်လာသောရင်အစုံနှင့် ကိုက်ခဲလာသော ဦးခေါင်းကြောင့် ကြမ်းပြင်ထက်သို့ ဒူးထောက်ထိုင်ချလိုက်တော့သည်။ ထိုအခါမှ သူမအနားသို့ ပြေးလာသည့် မိန်းမငယ်လေး။

အခန်းတံခါးပွင့်ကာ ရုတ်ချည်းဝင်လာသော အကြင်သူအားမြင်တွေ့ရသော် မယုံနိုင်ဖြစ်ကာ အတွေးထဲမှလာစေချင်လွန်း၍ မျက်စိမှ ကယောင်ကတန်းမြင်နေခြင်းဟု ထင်ကာ ထိုင်မြဲထိုင်နေခဲ့သည်။ခနအကြာ ကြမ်းပြင်ထက်သို့ ဒူးထောင်လျက် လှဲကျသွားသည့်အခါမှသာ ဖုန်းယဲ့ သူမဆီသို့ရောက်နေသည်မှာ အမှန်တကယ်ဖြစ်မှန်းသိရသည်။ ထိုအခါမှသာ ဖုန်းယဲ့ ဆီသို့ပြေးကာ ကြမ်းပြင်အထက်မှထူ၍ အိပ်ယာထက်သို့ ကူတင်လိုက်သည်။

ရင်းနှီးတဲ့ဒီအထိအတွေ့ကြောင့် ဖုန်းယဲ့ ထူးဆန်းနေသည်။ ရင်းနှီးနေမိတဲ့ ဒီပတ်ဝန်းကျင် ဒီအခန်းလေး ပြန်စဉ်းစားတိုင်း ခေါင်းကိုက်ရုံမှလွဲပြီး စဉ်းစားမရနိုင်ခဲ့ ။ အတွေးထဲသာမြောနေပြီး သူမအား မျက်ရည်ဝဲကာ ကြည့်နေသော သတို့သမီးလောင်းလေးကိုတော့ သူမ သတိမထားမိပေ။ မနက်ဖြန်မင်္ဂလာဆောင်ရတော့မည့် သတို့သမီးလောင်းလေးသည် ပျော်ရွှင်မနေဘဲ တစ်ယောက်ထဲသာ ကြိတ်ငိုနေသည်ကိုလဲ ဖုန်းယဲ့ စဉ်းစားမရပေ။

The Destiny Of Love {အချစ် ကံကြမ္မာ}Where stories live. Discover now