Part (19)♥{ Zawgyi }

46 5 2
                                    

မနက်မိုးလင်းသည်နှင့် ချာချာ သခင်မလေးအခန်းသို့ အပြေးအလွှားလာခဲ့သည်။ သူမရောက်လာချိန်တွင် မင်းသားသည် အိပ်ယာမှထသွားခဲ့လေပြီ။ အိပ်ယာထက်တွင် ရွဲစိုနေသော သွေးကွက်များမြင်ရသည့်အခါ ချာချာနှလုံးကွဲမတတ်ပင်။ အိပ်ပျော်နေသော သခင်မလေးအားကြည့်ရသည်မှာ ညပ ကောင်းကောင်းအိပ်ပျော်ပုံမပေါ်ပေ။ သခင်မလေးခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများနှင့် အိပ်ယာခင်းအား အသစ်လဲပေးထားသည်။ သခင်မလေး ခန္ဓာကိုယ်အား ရေပတ်တိုက်သန့်စင်ပေးပြီး ဆက်အိပ်စေသည်။

ချာချာ သခင်မလေးအားကြည့်ကာ မငိုဘဲမနေနိုင်ခဲ့ပေ။ ကျိုးသခင်မလေးသာ ဒီအကြောင်းသိသွားခဲ့ပါက ရလာဘ်အား မတွေးရဲစရာပင်။ ကံဆိုးလှသော သခင်မလေးတို့နှစ်ယောက်အား နောက်ဘဝတွင် ဒီလိုမျိုးမဖြစ်စေရန်သာ ဆုတောင်းမိသည်။ သူမငိုနေတုန်း သခင်မလေးနိုးလာသံကြားသဖြင့် မျက်ရည်အားသုတ်ကာ သခင်မလေးနဘေးသွားခဲ့သည်။

ဖြူဖျော့နေသည့်သခင်မလေး ခန္ဓာကိုယ်သည် မီးကဲ့သို့ ပူနေသည်။ နာကျင်မှု ဒဏ်ကြောင့် ဖျားသွားခဲ့ခြင်းဖြစ်ရမည်ဟု သူမကောက်ချက်ချလိုက်တော့ သခင်မလေးအား ပို၍ပင်သနားမိသည်။

မျက်ရည်များဝိုင်းလာသည့် ချာချာအား ကြည့်ကာ ဟန်ချင်း ဖွဖွလေးပြုံးပြခဲ့သည်။

ဟန်ချင်း......" ချာချာ ငါဘာမှမဖြစ်ပါဘူး ဝမ်းမနည်းပါနဲ့ "

ချာချာ......" သခင်မလေးအတွက် ချာချာ သမားတော် သွား ခေါ်ပေးမယ် "

ပြေးထွက်သွားသည့် ချာချာအားကြည့်ရင်း တစ်နေရာမှာ ကြိတ်ငိုနေမည်ကို သူမသိပါသည်။ ချာချာသည် လူရှေ့တွင် မငိုတတ်ပေ။အထူးသဖြင့် သူမရှေ့တွင် မငိုပေ။ သူမပိုဝမ်းနည်းမိကိုစိုးရိမ်သောကြောင့်ဖြစ်သည်။

သမားတော်နှင့်အတူ ချာချာပြန်ရောက်လာခဲ့သည်။ သမားတော်၏ စမ်းသပ်မှုအပြီးတွင် ချာချာသည် သူမထက်ပင်ပို၍ စိတ်ပူနေပါသည်။

သမားတော် ......"ကြင်ယာတော် အားနည်းပြီး အနဲငယ်အအေးမိပြီး ဖျားတာပါ ကျွန်တော်မျိုးဆေးပေးခဲ့ပါ့မယ် ပုံမှန်သောက်ပေးပါ ကြင်ယာတော် "

The Destiny Of Love {အချစ် ကံကြမ္မာ}Donde viven las historias. Descúbrelo ahora