Part (30)♥{ Unicode }

113 8 2
                                    

ချင်းဟန်အား အိပ်ယာထက်တွင် အိပ်စေပြီးမှ ရှောငခွနှွး အလုပ်လုပ်သည့်အခန်းသို့ပြန်လာခဲ့သည်။ ဖူအိမ်တော်၏ နောက်ကွယ်မှအကြောင်းအား တိတ်တဆိတ်စုံစမ်းရန် ညွှန်ကြားလိုက်သည်။ ထို့နောက် ဖူအိမ်တော်နှင့် ပက်သက်သည့်ပိုင်ဆိုင်မှုများအကြောင်း မ်ားအား စုံစမ်းစေသည်။ အရက်အရှိန်ကြောင့်နှင့် ပင်ပန်းသည့်အရှိန်ကြောင့် စားပွဲပေါ်တွင် မှောက်လျက်အိပ်ပျော်သွားသည်။

မကြာခနမက်လေ့ရှိသည့် ထူးဆန်းသည့်အိမ်မက်အတွင်းသို့ဝင်ရောက်သွားပြန်သည်။ အိမ်မက်ထဲတွင် ရှောင်ချန်းသည် ရှေးခေတ် ယောက်ျားလေးတစ်ဦးပုံစံဝတ်ဆင်ထားပြီး ချစ်ရသူ၏လက်အားကိုင်ဆွဲကာ ပြေးနေခဲ့သည်။ အနောက်မှ စစ်တပ်သည် သူမတို့နှစ်ယောက်အား အသဲအသန်လိုက်နေခဲ့သည်။ မျက်ခြေဖြတ်ကာ လွတ်အောင်ပြေးလာနိုင်သော်လည်း တစ်နေရာအရောက်တွင် ချစ်ရသူအား ဖမ်းဆီးခြင်းခံလိုက်ရသည်။ သူမသည် အကျဉ်းထောင်အတွင်း၌ ချုပ်နှောင်ခြင်းခံလိုက်ရကာ သူမချစ်ရသူအား မတွေ့ရတော့ပေ။
အိမ်မက်အတွင်းတွင်ဖြစ်ပျက်နေသော်လည်း အပြင်တွင် မျက်ရည်များစီးကျနေခဲ့သည်။

ချင်းဟန် တရေးနိုးချိန် ဘေးပတ်ဝန်းကျင်အခြေနေအရ ရှောင်ချန်းသူမအားပြန်ခေါ်လာပေးသည်မှန်းသိလိုက်သည်။ အိပ်ယာနိုးလာချိန် ရှောင်ချန်းအား အနားတွင်မတွေ့ရ၍ အိပ်ယာပေါ်မှထကာ လိုက်ရှာလိုက်သည်။ ရှောင်ချန်းအိမ်၏ အပြင်အဆင်နှင့် မရင်းနှီးသောကြောင့် ချင်းဟန် အနဲငယ် အခက်တွေ့နေသည်။ တစ်ခန်းဝင် တစ်ခန်းထွက်ဖြင့် ရှောင်းခန်းအားလိုက်ရှာနေသည်။

ရှောင်ချန်းအိမ်တွင် အစေခံရှိဟန်မတူသောကြောင့် ချင်းဟန်ကိုယ့်အားကိုယ်ကိုးကာ လိုက်ရှာနေရသည်။ ရှောင်းချန် အလုပ်လုပ်သည်ဟု ထင်ရသာအခန်းထဲရှိ စားပွဲပေါ်တွင် မှောက်လျက်အိပ်နေသော ရှောင်ချန်းအားတွေ့လိုက်ရသဖြင့် စောငျအားယူကာ ခြုံပေးရန် အနားသို့လျှောက်လာခဲ့သည်။ အိမ်မက်ဆိုးမက်နေဟန်တူသည့် ရှောငခွနှွးအား စောင်ခြုံပေးကာ စီးကျနေသော မျက်ရည်များအားသုတ်ပေးလိုက်သည်။ ရှောင်ချန်း၏ မျက်ရည်များသည် ချင်းဟန်အား နာကျင်စေသည်။

The Destiny Of Love {အချစ် ကံကြမ္မာ}Tempat cerita menjadi hidup. Temukan sekarang