Part (11) ♥{ Unicode}

96 6 0
                                    

      အအိပ်မက်တတ်သည့် ဖုန်းယဲ့တစ်ယောက် နေ့တိုင်း လိုလိုပင် မနက်စောစောထသည်။ သိုင်းလေ့ကျင့်ပြီးလျှင် ရေမိုးချိုးအလှပြင်ကာ အပြင်ထွက်ရန်ပြင်ဆင်သည်။ ပုံမှန်ထက်ထူးခြားစွာ လှပစွာပြင်ဆင်လာတဲ့ ဖုန်းယဲ့အား အိမ်တော်မှသူများအားလုံး အံ့သြမှင်သက်နေကြသည်။
 
      လုပ်နေကြအလုပ်များအား လျင်မြန်စွာ လုပ်ပြီး အပြင်သွားရန်သာစိတ်အားထက်သန်နေသော ဖုန်းယဲ့အား ဇီယု မသင်္ကါဖြစ်လာသလိုပင်။ သိုင်းလေ့ကျင့်ရန်သာ စိတ်အားထက်သန်ပြီး အပြင်သွားလေ့မရှိသည့်သူက အခုတော့ နေ့စဉ်တိုင်းအပြင်သွားနေသည်။ ဖုန်းယဲ့ ရည်းစားများရနေသည်လား တွေးကြည့်ရုံဖြင့်ပင် ဒေါသထွက်လာကာ သဝန်တိုစိတ်များဖြစ်ပေါ်လာသည်။ တစ်နေ့တော့ သူ ဖုန်းယဲ့ အနောက်သို့လိုက်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။

     ဖုန်းယဲ့ အကျင့်အတိုင်းလုပ်စရာရှိတာလုပ်ပြီး ချစ်သူကောင်မလေးရှိရာသို့ ပျော်ရွှင်စွာထွက်လာခဲ့ပြီး နောကျမှ လိုက်နေသည့်အကိုဖြစ်သူကိုတော့ သူမ မတွေ့ပေ။ သူမပျော်ရွှင်စွာဖြင့် ပိုင်အိမ်တော်ထဲဝင်သွားမှသာ ဇီယု အနောက်မှလိုက်သည်ကိုရပ်ကာ ပြန်သွားခဲ့သည်။

"ပိုင်အိမ်တော်ကိုလာတာဘဲ သူငယ်ချင်းနဲ့တွေ့ရမှာမို့ တတ်ကြွနေတာဖြစ်မှာပါ အလုပ်တွေလဲရှိသေးတော့ အိမ်ပြန်လိုက်ဦးမယ်"

     အိမ်ပြန်လမ်းတစ်လျှောက် ပေါ့ပါးစွာ ပြန်လာခဲ့လိုက်သည်။ အိမ်တော်မရောက်ခင် လမ်းကွေ့တစ်နေရာ၌ နန်းတော်မှ လွတ်လိုက်သော အစောင့်တစ်ယောက်နှင့်တွေ့သည်။ အိမ်ရှေ့စံမှ လွတ်လိုက်သော အစောင့်ဖြစ်ပြီးသူ့အား နန်းတော်သို့ ဆင့်ခေါ်သည့် အမိန့်စာအားပေးရန်ဖြစ်သည်။ အိမ်မပြန်တော့ဘဲ နန်းတော်သို့သာ တခါထည်းသွားလိုက်သည်။

နန်းတော်အစောင့်...... "ကျိုးသခင်လေး "

လက်နှစ်ဖက်သွယ်ယှက်ကာ ဂါဝရပြုလာသည့်အစောင့်အား အလိုက်သင့်ခေါင်းငြိမ့်ပြလိုက်သည်။

ဇီယု...... "အိမ်ရှေ့စံတစ်ခုခု အမှာတော်ပါးလိုက်လို့လား "

နန်းတော်အစောင့်...... "နန်းတော်သို့ အိမ်ရှေ့မင်းသားထံအခစားဝင်ဖို့ အမိန့်တော်ပို့ခိုင်းလိုက်လို့ပါ ကျိုးသခင်လေး "

The Destiny Of Love {အချစ် ကံကြမ္မာ}Kde žijí příběhy. Začni objevovat