Part (10)♥{unicode}

108 8 0
                                    

   အိမ်ပြန်လမ်းတစ်လျှောက် ချစ်ရသူလက်ဆွဲကာ ပျော်ရွှင်စွာ လျှောက်လှမ်းကာ အိမ်တော်သို့ ပြန်လာခဲ့သည့်ယနေ့သည် မမေ့နိုင်လောက်အောင်ပင် ပျော်ရသည်။ အရင်နေ့များလည်း နှစ်ယောက်အတူသွားလာနေပေမဲ့ သူငယ်ချင်းဟူသောအမည်ခံအောက်တွင်သာ ရှိခဲ့ကြရသည်။ ယနေ့သည် ချစ်သူအဖြစ် လက်ကိုင်ဆွဲကာ သွားလာရခြင်းဖြစ်သည်။

   ပျော်ရွှင်စွာပြန်လာကြသော သခင်မလေးနှစ်ယောက်ကြောင့်ချာချာ ထူးဆန်းတာမှန်ပေမဲ့ သခင်မလေးပျော်နေတာမြင်ရတော့ ခ်ာခ်ာ ဘာမွမေမးမိဘဲ ပြုံးနေခဲ့သည်။ သူမ သခင်မလေး ကျိုးသခင်မလေးနဲ့ တွေ့ပီး နောက်ပိုင်းမှသာ ပိုပျော်ရွှင်လာသလို မျက်နှာထက်တွက် အပြုံးကိုပိုမြင်ရလာသည်။ ယခင်ကတစ်ယောက်ထဲသာနေတတ်ပီး စကားသိပ်ပြောလေ့မရှိဘဲ ပန်းချီဆွဲခြင်း စာပေဖတ်ခြင်း ကဗျာစပ်ခြင်း ပန်းထိုးခြင်းစသည့် အရာမ်ားကိုသာ ပြုလုပ်ကာ အထီးကျန်စွာနေလေ့ရှိသည်။ ယခုတွင်မူ ကျိုးသခင်မလေးနှင့်အတူ ပြုံးရယ်စွာ ပန်ချီဆွဲခြင်း ကျိုးသခင်မလေးအား ပန်းထိုးသင်ပေးခြင်း နှစ်ယောက်အတူ အပြင်သို့ ထွက်လည်ခြင်း လက်ဖက်ရည်သောက်ကာ ခြံဝင်းထဲ၌ စကားစမည်ပြောခြင်းတို့ ပြုလုပ်ချိန်တွင် တမူပျော်ရွှင်နေတတ်သော သခင်မလေးကြောင့် ခ်ာခ်ာပို၍ ဝမ်းသာမိသည်။

ဒီတစ်နေ့တာလုံးပျော်ရွှင်မှုတွေနဲ့ မြူးတူးနေကြသည်။ နေ့တိုင်းတွေ့နေရသည် မှန်သော်လည်း ယနေ့တွေ့ရခြင်းသည်ပိုမိုထူးခြားနေကာ ကြည်နူးဖွယ်အတိ ပြည့်နေသည်။

ဖုန်းယဲ့....." ဟန်အာ "

သူမ ဟန်ချင်းလက်ကလေးအား မြန်နိုးစွာဆုတ်ကိုင်လိုက်သည်။

ဟန်အာ ဘယ်သူမှမခါ်ဖူးသေးတဲ့နာမ်စားလေး ဖုန်းယဲ့တစ်ယောက်ထဲသာခေါ်ခွင့်ရှိတဲ့ နာမည်လေး သူမသဘာကျနှစ်ကြိုက်နေသည်။ လက်ကလေးကိုဆုတ်ကိုင်လာသည့် ဖုန်းယဲ့အား ပြုံးကာ ကြည့်လိုက်ပြီး

ဟန်ချင်း ......."ရှင့်..~~"

ချိုသာနူးညံ့စွာသူမထူးလိုက်သည်။

  သူမ၏ ထူးသံကြောင့် နှလုံးသွေးပင် တတ်တော့မလို့ဖြစ်သွားသူက ဖုန်းယဲ့ပင် ။ သူမ ချစ်ရသူထံမှ ကြည်နူးရတဲ့ ထူးသံလေး တခါမှပင် စိတ်ကူးမယဉ်ဖူးခဲ့သည့် အဖြစ်အပျက်များ တကယ်ပင်ဖြစ်လာခဲ့တာကြောင့်ပျော်ရွှင်မှုမှာ ပြောမပြတတ်အောင်ဖြစ်နေခဲ့သည်။

The Destiny Of Love {အချစ် ကံကြမ္မာ}Donde viven las historias. Descúbrelo ahora