Part(8) ♥{ Zawgyi }

58 5 2
                                    

ဖုန်းယဲ့ ထူးဆန်းစွာ ပင် မျက်နှာမသာမယာဖြင့် အစောကြီးပြန်သွားသောကြောင့် ဟန်ချင်း စိတ်အတွင်း ထူးဆန်းနေခဲ့သည်။ နေမကောင်း၍ မ်ားလား မည်သည့်အရေးကိစ္စများရှိနေသည်လဲ သူမစဉ်းစား၍ စိတ်ပူနေသည်။

သူမ၏ အဆောင်ငယ်လေးမှာ ယနေ့တွင်ပို၍ တိတ်ဆိတ် အထီးကျန်နေသလိုပင် ခံစားရသည်။ လေသာပြတင်းဘေးတစ်နေရာတွင် ထိုင်ရင်း ဖုန်းယဲ့ သူမအတွက် ဝယ်လာပေးထားတဲ့ ကြာပန်းလက်ဖက်ရည်လေးအား သောက်နေသည်။ ကြာပန်းလက်ဖက်ရည်၏ အကျိုးကြောင့်ပင်လား သူမ ချစ်ရသူဝယ်ပေးထားသည့်အတွက်ကြေင့်ပင်လားမသိ ပင်ပန်းမှုများ ပျောက်ကွယ် ကာ စိတ်ကြည်လင်နေသည်။

ခနအကြာ သူမသောက်လက်စ လက်ဖက်ရည်ခွက်အား ချကာ သူမ အိပ်ယာပေါ်ဆီသို့ လှမ်းလာခဲ့သည်။ ဖုန်းယဲ့ စောစီးစှာ ပြန်သွား၍ အနဲငယ် ပျင်းနေသလိုခံစားနေရသော သူမက အိပ်ဖို့ရန် ရွေးချယ်ခဲ့သည်။
သူမချာချာအား အပြင်ထွက်သွားစေရန်ပြောပြီး အိပ်ယာပေါ်တွင် လှဲလျောင်းလိုက်ကာ စောင်လေးအား ကိုယ်ပေါ်သို့အသာအယာခြုံလိုက်ကာ သူမ အိပ်စက်ခြင်းကို စတင်ခဲ့သည်။ သူမအလျင်မြန်ပင်အိပ်ပျော်သွားသည်။

အိမ်မက်ထဲတွင်

သူမ မှောင်မဲနေသော ပတ်ဝန်းကျင် တစ်ခွင်ဆီသို့ ရောက်လာခဲ့သည်။ သူမ ကောင်းကင်ကြီးမှ လင်းထိန်သည့် အလင်းရောင်များဖြာထွက်နေသည့် လမင်းကြီးအားစိုက်ကြည့်နေမိသည်။ လမင်းကြီးနဘေးပတ်ပတ်လည်တွင် မှိတ်တုတ်မှိတ်တုတ်ကြယ်ကလေးများ ဝန်းရံထားသည်။ ညဥ့်ဆည်းဆာယံကာ တကယ်ပင် လှပပေသည်။ သစ်ပင် သစ်ကိုင်းအသီးသီးတွင် အိပ်တန်းဝင်နေသောငှက်လေးများ သစ်ခေါင်းအတွင်းမှ ဇီးကွက်များ ငြိမ်သက်နေသော ရေပြင်ကျယ်၌ အရိပ်ထင်နေသော လမင်းကြီး တဖျက်ဖျက်တောက်ပနေသော ကြယ်ကလေးများ အရာရာသည် လှပနေသည်။ တိတ်ဆိတ်သည့် ညအခါတွင် လေပြည်လေညင်းလေး၏ တွေ့ဝှေ့သံ သဲ့သဲ့ကိုသာ ကြားနိုင်သည်။

သူမအချိန်အတန်ကြာအထိ ဘေးပတ်ဝန်းကျင်ကိုငေးကြည့်နေပြီး သူမ မြက်ခင်းတစ်နေရာတွင် ထိုင်လိုက်သည် ။ သူမနှင့် မလှမ်းမကမ်းမှ ရင်းနှီးသယောင်ရှိသည့် အငွေ့အသက်လေး ခံစားမိသည်။ လမင်းကြီး နဘေးတွင် အတောက်ပဆုံးကြယ်လေးတစ်လုံး အား သူမ သဘောကျစွာကြည့်နေခဲ့သည်။
သူမအနားသို့ ရင်းနှီးသည့် အရိပ်အယာင်နှင့် လူတစ်ယောက် ရောက်လာခဲ့ပြီး သူမ နဘေးတွင် ထိုင်နေခဲ့သည်။ သူမ လှည့်ကြည့်စရာမလိုစွာပင် ဖုန်းယဲ့ မှန်းသိနေခဲ့သည်။ ဖုန်းယဲ့က သူမကိုယ်ပေါ်သို့ နွေးထွေးစေရန် ဝတ်ရုံတစ်ထည် လွမ်းခြုံပေးလိုက်သည်။
တိတ်ဆိတ်ပြီး လရောင်အားကိုးဖြင့်သာ မြင်နိုင်သော ဤနေရာလေးသည် အနဲငယ်ခြောက်ခြားဖွယ် ဖြစ်သော်လည်း သူမအတွက်တော့ ကြောက်စရာကောင်းသည်ဟုမထင်တော့ပါ။

The Destiny Of Love {အချစ် ကံကြမ္မာ}Onde histórias criam vida. Descubra agora